-
Movie Name
-
Detective Dee And The Red Eye (2021)
-
Year
-
2021
-
Generes
-
Drama
-
Code
-
CN0181
-
Type
-
Movie
-
Size
-
1.23 GB
-
Country
-
China
-
Description
-
Detective Dee : The Sly Red-Eye (2021)
Detective Dee ကိုတော့ တော်တော်များများ သိပြီးသား ဖြစ်မှာပါ
အရှေ့မှာလည်း Detective Dee ရဲ့ Film Series တွေရှိနေတာဆိုတော့
အားလုံးနဲ့ ရင်းနှီးကြမယ် ထင်ပါတယ်
ဒီတစ်ခါကတော့ 2021 ထွက် နောက် တစ်မျိုးပေါ့
အမှုက ဘာလဲဆိုတော့
ဖန်ကျိုးပြည်နယ်က ရွာတစ်ရွာမှာ ညတွင်းချင်း လူရာကျော် သေဆုံးမှုပါ ၊
ဒါကို စုံစမ်းဖို့ လိုက်သွားတဲ့ အုပ်ချုပ်ရေးမှူးအပြင် သူ့လူ ၇ ယောက်ပါ
အသတ်ခံလိုက်ရပါတယ် ၊ ကောလဟလတွေအရတော့ မိစ္ဆာလိုလို ဖုတ်ကောင်လိုလို သတ္တဝါတွေက သတ်လိုက်တာပါတဲ့ ၊အဲဒီအကြောင်းဟာ နန်းမြို့တော်က ဘုရင်မကြီးဆီ ရောက်လေတော့ ဒီအမှုကို ဖြေရှင်းဖို့ အထောက်တော်ဒီး ကို တာ၀န်ပေးလိုက်ပါတော့တယ် ၊ ဘုရင်မကြီးရဲ့ မွေးနေ့က မကြာခင် ရောက်လာတော့မှာ ဖြစ်တာကြောင့် ဘုရင်မကြီးရဲ့ မွေးနေ့ပွဲမတိုင်ခင် အပြီးသတ်ဖြေရှင်းရမှာဖြစ်ပြီး
မပြီးရင်တော့ သေဒဏ်ချမယ်ဆိုတဲ့ အမိန့်စာက အထောက်တော်ဒီး ဆီ ရောက်လာတော့တာပေါ့ ၊ အမှုက လွယ်မလိုနဲ့ ခက် တိမ်မလိုနဲ့ နက်ဆိုသလို နန်းချခံထားရတဲ့ အိမ်ရှေ့မင်းသားကလည်း ဖန်ကျိုးပြည်နယ်ကို ရာထူးချခံထားရတာပါ ၊ ဒီတော့ ဒီကိစ္စဟာ အိမ်ရှေ့မင်းသားက သူနန်းချခံရတာကို မကျေနပ်လို့ ဘုရင်မကြီးကို အငြိုးထားပြီး မွေးနေ့ပွဲမတိုင်ခင် ရုတ်ရုတ်သဲသဲဖြစ်အောင်များ ဖန်တီးလိုက်တာလား ၊ တကယ်ပဲ ဒီနောက်ကွယ်မှာ ရှိနေတဲ့သူက နန်းကျအိမ်ရှေ့မင်းသားလား ၊ သူ့ကို ချောက်ချချင်တဲ့သူတွေ လက်ချက်လား ၊ မိစ္ဆာလို့ ခေါ်တဲ့ ဖုတ်ကောင်လိုသတ္တဝါတွေကိုရော ဒီးတို့ ဘယ်လို စုံစမ်းဖြေရှင်းကြမလဲဆိုတာ GC မှာ ကြည့်ရှုလိုက်ကြရအောင်နော်