-
Movie Name
-
Asakusa Kid (2021)
-
Year
-
2021
-
Generes
-
Drama
-
Code
-
JP0037
-
Type
-
Movie
-
Size
-
1.06 GB
-
Country
-
Japan
-
Description
-
IMDb မှာ 7.2/10 rating ရရှိထားပြီး တကယ်ကိုအနှစ်သာရအပြည့်နဲ့ ကြည့်ရမယ့် biography-drama အမျိုးအစား ရုပ်ရှပ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံး comedian သုံးဦးမှာ တစ်ဦးအပါအ၀င်ဖြစ်တဲ့ Takeshi Kitano အကြောင်းကို စိတ်၀င်စားစရာ ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာပါ။ သူ့ကို Beat Takeshi ဆိုတဲ့ အနုပညာနာမည်နဲ့ လူသိများပါတယ်။၁၉၆၀ ၀န်းကျင်က လူငယ်လေး တာခဲ့ရှီဟာ ကျောင်းထွက်ပြီး ဖျော်ဖြေရေးလောကထဲ ခြေစုံပစ်၀င်ရောက်ဖို့ ကြိုးပမ်းလာပါတယ်။ တိုကျိုမြို့၊ အာဆာကူဆာအရပ်က ဟာသပညာရှင် ဖူခါမိဆီမှာ ဓာတ်လှေကားမောင်းတဲ့ကောင်လေးအဖြစ် ဘ၀စတင်ခဲ့ပါတယ်။ ဖူခါမိဆီမှာ ပညာဆည်းပူးခဲ့ပြီး ဟာသပြက်လုံးတွေကို နယ်လှည့်ဖျော်ဖြေခဲ့ပါတယ်။ အဲဒီကာလမှာ လူတွေဟာ ပြဇာတ်တွေထက် တီဗီကြည့်ရတာကို ပိုအားသန်လာကြပြီမို့ သူ့အတွက်တော့ ရုန်းကန်ဖို့မလွယ်ကူလှပါဘူး။ ဇာတ်လမ်းတစ်ခုလုံးဟာ တစ်ချိန်မှာ နိုင်ငံကျော်ဟာသပညာရှင်ကြီး ဖြစ်လာမယ့် တာခဲ့ရှီရဲ့ ကြိုးစားအားထုတ်မှုနဲ့အချစ်ရေးအပါအ၀င်၊ သူ့ရဲ့ ဘ၀လမ်းခရီးကို သုတ၊ ရသစုံလင်စွာ ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ အခက်အခဲတွေကြားကနေ ကိုယ်ယုံကြည်ရာကို တစ်စိုက်မတ်မတ်လျှောက်လှမ်းခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ အားမာန်နဲ့ ကြိုးစားအားထုတ်မှုတွေက ကြည့်ရှုသူတိုင်းကို စိတ်ခွန်အားရစေမှာမို့ ဒီကာလမျိုးမှာ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းအဖြစ် ညွှန်းပေးလိုက်ပါတယ်နော်။