Movie Name
The Rescue (2021)
Year
2021
Generes
Documentary
Code
CN0182
Type
Movie
Size
879 MB
Country
China
Description
The Rescue (2021) IMDb – 8.4/10 ဆုပေါင်း ၉ ဆု ရရှိထားပြီးတော့ တစ်ကြိုစာရင်း ၁၀ ကြိမ် ဝင်ထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ မိတ်ဆက်ပေးပါရစေ။ ၂၀၁၈ လောက်က မြန်မာပြည်နယ်နဲ့ နီးစပ်နေတဲ့ ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ် သမ်လန်ဂူထဲမှာ ပျောက်သွားတဲ့ ထိုင်းကလေး ၁၃ ယောက်အကြောင်းကို အားလုံးသိကြမှာပါ… ဒီကလေးတွေ ပျောက်ဆုံးမှုကို US, UK ထိုင်းရေတပ်အပြင် ကမ္ဘာအရပ်ရပ်က ကယ်ဆယ်ရေးတွေ၊ အဖွဲ့တွေနဲ့ လာရောက်ကယ်ဆယ်ခဲ့ကြပြီး အတော်လေး ဟိုးလေးတကျော်ဖြစ်သွားပြီး ကမ္ဘာ့အရေးတစ်ခုဖြစ်သွားခဲ့ပါသေးတယ် ဒါပေမယ့် ဒီကယ်ဆယ်ရေးကို အဓိကဦးဆောင်ခဲ့ပြီး ကလေး ၁၃ ယောက်ကိုကယ်ထုတ်ပေးခဲ့တဲ့ ဗြိတိန် လူမျိုး ကမ္ဘာ့အတော်ဆုံးရေငုပ်သမား ၂ ယောက်အကြောင်းကိုတော့ သိပ်သိကြမယ် မထင်ဘူး.. NatGeo ကလွှင့်တဲ့ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ဒီကယ်ဆယ်ရေးကို သူတို့ နှစ်ယောက်ဘယ်လိုတွေ ခက်ခက်ခဲခဲဆောင်ရွက်ခဲ့တယ်ဆိုတာအပြင် မြန်မာပြည်က ပုဂ္ဂိုလ်ထူးအချို့ကိုလည်း တွေ့ရမှာပါ… တကယ်ဖြစ်ပျက်ခဲ့တာကို ရိုက်ကူးထားတဲ့အပြင် Rating 8.4 လောက်ရထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တာကြောင့် ကြည့်ရှုသင့်တာတော့ အမှန်ပါပဲ ( ဘာသာပြန်နဲ့ အညွှန်းကိုတော့ Thiha Yan Naing ရေးသားထားပါတယ်)