Movie Name
The End Of The Fucking World (2017 - 2019)(S1,S2)
Year
2017
Generes
Crime, Drama
Code
SE0049
Type
Series
Size
2.8 GB
Country
Hollywood
Description
2017 အောက်တိုဘာလမှာ Netflix မှာ စတင်ထုတ်လွှင့်ပြသခဲ့ပြီး လူငယ် ဆယ်ကျော်သက်ပရိသတ်တွေရဲ့ အားပေးမှုကိုအများဆုံးရရှိထားတဲ့ စီးရီးတစ်ခုဆိုရင်လဲမမှားပါဘူး။ ကိုယ့်ကိုယ်ကို စိတ်ဝေဒနာရှင်လို့သတ်မှတ်ထားတဲ့ ၁၇ နှစ်အရွယ် ဂျိမ်းစ်နဲ့ လူတကာကို ဘုကလန့်ဂွစာလုပ်တတ်တဲ့ ၁၇နှစ်အရွယ် အလစ်ဆာတို့ နှစ်ယောက်ဟာ တစ်နေ့တော့ သူတို့အိမ်ကနေ အတူတူထွက်ပြေးလာကြပြီး အလစ်ဆာရဲ့အဖေဆီ သွားဖို့ကြိုးစားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပင်ကိုဗီဇတွေက ဘယ်လိုမျိုးလဲ၊ သူတို့နှစ်ယောက် ဘယ်လိုစတွေ့ခဲ့ကြသလဲ၊ အိမ်ကနေထွက်ပြေးလာပြီး လမ်းမှာ ဘာတွေကြုံတွေ့ရသလဲဆိုတာကို အသေးစိတ်ရိုက်ကူးပြထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ ဂျိမ်းစ်နဲ့ အလစ်ဆာတို့ရဲ့ အတွေးလေးတွေကိုပါ ထည့်သွင်းထားတာလေးပါ။ အပြင်မှာစကားပြောလိုက်တာက တစ်မျိုးဖြစ်ပေမယ့် သူတို့စိတ်ထဲမှာကျ နောက်တစ်မျိုးတွေးနေတာကိုပါ ရိုက်ကူးပြထားတဲ့အတွက် ရုပ်ရှင်ကြည့်နေရင်း ကိုယ့်ရှေ့မှာ ဒီ ဆယ်ကျော်သက်ကောင်လေးနဲ့ ကေကာင်မလေး တကယ်ရောက်နေတယ်လို့တောင် ခံစားရလောက်ပါတယ်။ သူတို့ရဲ့စကားလုံးအသုံးအနှုန်းတွေဟာ အတော်ခေတ်ဆန်ပြီး ဟာသပြက်လုံးတွေကလဲ အရွဲ့တိုက်ပြက်လုံးတွေ အများဆုံးပါဝင်ပါတယ်။ ဆယ်ကျော်သက်ဘဝကို သေချာမီးမောင်းထိုးပြနိုင်ပြီး လူငယ်ပရိသတ်တွေ လုံးဝလက်မလွှတ်တမ်း ကြည့်ရှူသင့်တဲ့ စီးရီးကောင်းတစ်ခုဖြစ်ပါတယ်။ အခုဆိုရင်တော့ Season 1 ပြီးဆုံးသွားပြီဖြစ်ပြီး Season 2 ကတော့ ထွက်ရှိလာမယ်လို့သာ သတင်းကြားရသေးပြီး အချိန်အတိအကျမသိရသေးပါဘူး။ စီးရီးခေါင်းစဉ်အတိုင်းပဲ ဆဲဆိုတဲ့စကားလုံးတွေ အများကြီးပါဝင်ပြီး စီးရီးအရသာပျက်မှာစိုးတဲ့အတွက် အတော်များများကို တိုက်ရိုက်သာပြန်ထားတဲ့အကြောင်း ကြိုတင်ပြီးမေတ္တာရပ်ခံလိုပါတယ်။