Movie Name
တမလွန်နှောင်ကြိုး(Mae Nak Phra Khanong)(2021)
Year
2021
Generes
Drama, Historical, Horror
Code
ST0426
Type
Series
Size
6.66 GB
Country
Thai
Description
မြန်မာစာတန်းထိုးအပိုင်း၃ထိရပါပီ.အစအဆုံးLinkစုပေးသွားပါမယ်. ဒီကားလေးကတော့တစ်ခတ်တစ်ခါမြန်မာနိုင်ငံ မှာသာမက တစ်ကမ္ဘာလုံးမှလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ Pee Mak သရဲကားလေးကိုဇာတ်လမ်းတွဲအဖြစ် ပြန်လည် အသက်သွင်းထားတာပဲဖြစ်ပါတယ်။ လှပပြီး လူအများရဲ့ လိုချင်တပ်မက်ခြင်းကို ခံရတဲ့ မိန်းမပျိုလေး မယ့်နတ်ဟယ ကံဇာတာ မကောင်းတဲ့သူတစ်ယောက်လို့ ကံဖတ်ခံထားရတဲ့သူပါ .... တစ်နေ့မှာတော့ မယ့်နတ်တစ်ယောက် ဖခင်ဖြစ်သူရဲ့ အတင်းတိုက်တွန်းမှုကြောင့်သူဌေးသားဖြစ်တဲ့ မန့်ဆိုသူနဲ့ လက်ထပ်ဖို့ အကြောင်းဖန်လာပါတော့တယ် .... အဲ့ဒီလိုအချိန်မှာပဲ တစ်ဖက်ရွာသားအဖြစ် ဇာတ်မြှုပ်ကာ နေထိုင်နေတဲ့ မတ် ဆိုတဲ့ ကောင်လေးနဲ့မြင်မြင်ချင်း ချစ်ကြိုးသွယ်သွားပါတော့တယ် .... မိဘတွေ သဘောမတူ လက်မခံတဲ့ကြားက နတ် တစ်ယောက် မတ်နဲ့ ခိုးပြေးခဲ့ကြပြီး မြစ်ကမ်းဘေးက အိမ်လေးတစ်လုံးရဲ့ တစ်မိုးအောက်မှာ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြပါတော့တယ် .... ဒီလိုနဲ့ နတ်တစ်ယောက် ရင်သွေးလေး လွယ်ထားချိန်မှာ မတ်ဟာ မဖြစ်မနေ စစ်မှုထမ်းဖို့ အကြောင်းဖန်လာပါတော့တယ် .... ချစ်ရသူ မတ်ကို မပေါ့မပါးကြီးနဲ့ နေ့တိုင်း စောင့်မျှော်‌ နေတဲ့ နတ် တစ်ယောက် ရင်သွေးလေးကို မွေးဖွားဖို့ အချိန်ရောက်ချိန်မှာပဲ ကံမကောင်းစွာနဲ့ မိခင်ရောရင်သွေးလေးရောပါ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ ရပါတော့တယ် .... ခင်ပွန်းသည်ဖြစ်သူကို စောင့်မျှော်နေရင်း ဆုံးပါးသွားတဲ့ မယ့်နတ်တစ်ယောက် အစွဲအလန်းကြီးလွန်းသဖြင့် မကျွတ်မလွတ်ပဲ ဖြစ်နေခဲ့ပါတော့တယ် .... ဒီလိုနဲ့ စစ်ပွဲအတွင်းမှာ ဒဏ်ရာရလာသဖြင့် ဇနီးဖြစ်သူဆီ မတ် တစ်ယောက် ပြန်ရောက်လာချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ?