-
Movie Name
-
Sweet Stranger And Me
-
Year
-
2016
-
Generes
-
Comedy, Drama, Romance
-
Code
-
SKR0002
-
Type
-
Series
-
Size
-
8.12 GB
-
Country
-
Korea
-
Description
-
မင်းသမီး ဟုန်နာရီဟာ လေယာဉ်မယ်တစ်ယောက်ဖြစ်ပါတယ် သူ့မှာ ၉နှစ်ကျော်ကြာအောင်လက်တွဲလာခဲ့တဲ့ချစ်သူတစ်ယောက်လဲရှိပါတယ်
တစ်နေ့ ဟုန်နာရီရဲ့ လေယာဉ်ခရီးစဉ်တစ်ခုပြီးဆုံးလို့ပြန်ရောက်လာခဲ့တဲ့အချိန်မှာ
သူ့ချစ်သူက သူ့ကိုလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
လက်ထပ်ခွင့်တောင်းနေတုန်းမှာပဲ သူ့အမေ ကားတိုက်မှုတစ်ခုကြောင့်သေဆုံးသွားပြီဆိုတဲ့အကြောင်း ဖုန်းဝင်လာခဲ့ပါတယ်။
ဟုန်နာရီတစ်ယောက်သူ့အမေရဲ့သေဆုံးမှုကြောင့်စိတ်ညစ်နေတဲ့အချိန်မှာပဲ သူမရဲ့ချစ်သူကို သူမရဲ့ဂျူနီယာဖြစ်တဲ့ဒိုယူဂျိုကသဘောကျသွားပြီး နာရီ ဆီကနေလုယူခဲ့ပါတော့တယ် ။
တစ်နှစ်ခန့်ကြာပြီးတဲ့နောက်မှာ သူမရဲ့ချစ်သူသစ္စာဖောက်တာကို ဟုန်နာရီတစ်ယောက်သိရှိသွားပြီး ချစ်သူနဲ့လမ်းခွဲခဲ့ပါတယ်။
တစ်ညမှာအရက်မူးပြီးသူမရဲ့အမေနေခဲ့တဲ့အိမ်လေးကိုပြန်ရောက်သွားတဲ့အခါမှာတော့ သူမအမေနဲ့လက်ထပ်ထားတယ်လို့ဆိုတဲ့ ဂို
နမ်ဂီနဲ့တွေ့ပါတော့တယ်။ဟုန်နာရီတစ်ယောက် ဂိုနမ်ဂီနဲ့အဆင်ပြေပါ့မလား ။သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအရာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဒီကားလေးထဲမှာပဲဆက်လက်ရှုစားလိုက်ကြပါဦးနော်။