Movie Name
နှလုံးသားအချစ်ပင်လယ် (Gor Ruk Gon Haujai) (2021)
Year
2021
Generes
Comedy, Romance
Code
ST0427
Type
Series
Size
17.5 GB
Country
Thai
Description
Main Casts အိုင်ဖုအဖြစ် Blew Worrapon ဖာ့ဖာအဖြစ် Noey Paphada ဇာတ်လမ်းအကျဥ်းလေးကတော့ .... ပျော်စရာကောင်းပြီးတော့ လှပလွန်းတဲ့ ကျောက်ဆောင်တွေ ငါးတွေနဲ့ ဆန်းကြယ်လှတဲ့ကျွန်းတစ်ခုကို resort ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အလိုရှိသွားရာကနေ စတော့တာပါပဲ .... ခွန်အိုင်ဆိုတာကတော့ Resort ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ရဲ့ သားအငယ်ဆုံးလေးဖြစ်ပြီး စော်လေးတွေကြား မလည်ရှုပ်လုပ်နေတဲ့ စော်ကြည်ဘဲလေးပေါ့ 🤭 ဖာ့ဖာကတော့ သူ မွေးကတည်းကနေ အရွယ်ရောက်သည်ထိ နေထိုင်လာတဲ့ ကျွေးလေးပေါ်မှာအသက် မွေးဝမ်းကျောင်းပြုနေတဲ့ ကျွန်းသူလေးတစ်ယောက် ပေါ့ .... တစ်နေ့ ခွန်အိုင်တစ်ယောက် ဖာ့ဖာကို မချစ်ချစ်အောင်လုပ်ပြီး အဲ့ဒီကျွန်းကို ရအောင် ယူမည်ဟူသော အကြံကြီးဖြင့် ထိုကျွန်းကို သူ့ရည်းစားပါအလုပ်ကိစ္စနဲ့ ရောက်ချလာပါတော့တယ် ..... ဒါပေမယ့် ခွန်အိုင်ဆိုတဲ့ စော်ကြည်ဘဲ ချာတိတ်က မျက်နှာမပြောင်ရရင် စားမဝင်အိပ်မပျော်တာကြောင့် ကျွန်းပေါ်မှာ အိမ်မပြန်မချင်း လျှောက်မွှေပါတော့တယ် 🤣 ဖာ့ဖာအနေနဲ့ကြတော့ အိမ်ရှင်ဖြစ်နေတာကြောင့် ခွန်အိုင်ရဲ့ နောက်ပြောင်မှုတွေ ဂနာမငြိမ်မှုတွေကို အောင့်အင်းသည်းခံနေခဲ့ရပါတယ် .... ဒီလိုနဲ့ စော်ကြည်တဲ့ ကောင်ဆိုးလေးခွန်အိုင်တစ်ယောက် ကျွန်းသူ ဖာ့ဖာလေးနဲ့ ကြည်စားကြ စနှောက်ကြ လုပ်လိုက်ရင်း အချင်းချင်း ခံစားချက်တွေရှိနေချိန်ဟန် ဆောင်လက်ထပ်ဖို့ အကြောင်းဖန်လာသောအခါ....🤍🤭 ဘယ်လိုဆက်ဖြစ်မလဲဆိုတာ "နှလုံးသားအချစ်ပင်လယ်" ဆိုတဲ့ ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြ ရအောင် 💕 ( ဇာတ်လမ်းအညွှန်းကို Mhoo Htoo မှ ရေးသားပေးထားပါတယ်)