Movie Name
ကျိန်စာသင့်လမင်းနီ (Prajan See Daeng)(2021)
Year
2021
Generes
Drama, Romance
Code
ST0428
Type
Series
Size
11.2 GB
Country
Thai
Description
Main Casts: ဆမာ အဖြစ် Tono.Phakin ပါ အဖြစ် Richy Oranate ဇာတ်လမ်းအကျဉ်း ဆမာဆိုတဲ ကောင်လေးက သူငယ်စဉ်ကတည်းက လအနီရောင် ပြောင်းတဲ့ ညတစ်ညမှာ မွေးဖွားလာခဲ့တာမို့ ကျိန်စာသင့်နေတဲ့ သူတစ်ယောက်ပေါ့.. သူဟာလကြတ်တဲ့ ညတွေမှာ လူစင်စစ်ကနေ သမန်းကျားတစ်ကောင် အဖြစ်လို့ ပြောင်းလဲနိုင်သူတစ်ယောက်ပါ။ ဒါပေမယ့် လကြတ်ည တစ်ညမှာ သမန်းကျားတစ်ကောင်ကို အငမ်းမရ မျိုးသုဉ်း သတ်ဖြတ်ချင်တဲ့ လူတစ်စုကြောင့် ဒေါသတို့ မထိန်းနိုင်ပဲ သမန်းကျားတစ်ကောင် အဖြစ် အသွက်ပြောင်းပြီး ထိုလူတွေအား သတ်ဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီမြင်ကွင်းကို ကွင်းကွင်းကွက်ကွက် မြင်လိုက်ရတဲ့ ပါဆိုတဲ့ ဆရာမအသစ်လေးကတော့ နေရာတင် လန့်ဖြန့်ပြီး သတိလစ်သွားခဲ့ပါတော့တယ်။ အဲ့ဒီလိုနဲ့ ဆရာမလေး ပါ ကို ကယ်တင်လာပြီး မြင်မြင်ချင်း ချစ်မိသွားတဲ့ ဆမာ တစ်ယောက် သူဟာ လူသားစင်စစ် မဟုတ်ဘူးဆိုတဲ့ အချက်ကို မေ့လို့ နေခဲ့ပါတော့တယ်။ တစ်နေ့မှာတော့ ကျိန်စာသင့်နေတဲ့ ဆမာ တစ်ယောက် ကျိန်စာပျယ်စေတဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပါတော့တယ်။ ဆမာ တစ်ယောက် ကျိန်စာပျယ်ဖို့အတွက် ကျားနှစ် ဖြစ်တဲ့ စက်တင်ဘာလ (၉) ရက်နေ့ဖွား မိန်းကလေး တစ်ဦးနဲ့ လိင်ဆက်ဆံရမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆမာ ချစ်နေတဲ့ ပါက စက်တင်ဘာလ (၉) နေ့ဖွား မိန်းကလေးတစ်ဦး ဖြစ်နေတာကို သိလိုက်ရသောအခါ ဘာတွေဆက်ဖြစ်လာမလဲ? ဆမာ ချစ်ရတဲ့ ပါကရော ဆမာ့ရဲ့ သရုပ်မှန်ကို သိသွားလေမလား? တကယ်လို့ သိခဲ့ရင်ရော အဲ့ဒီအချက်ကို ခေါက်ထားပြီး ဆမာ့ကို ပြန်ချစ်သွားမလား?