-
Movie Name
-
To Fly With You (အကြင်နာလေပြေ အဖော်ပြု၍)
-
Year
-
2021
-
Generes
-
Romance, Sport
-
Code
-
SC0407
-
Type
-
Series
-
Size
-
12 GB
-
Country
-
China
-
Description
-
လူတိုင်းလူတိုင်းမှာ ရည်မှန်းချက်တွေအိပ်မက်တွေ ကိုယ်စီရှိကြတယ် တစ်ကယ်လို့သာ သင့်လက်ထဲ သင့်ရဲ့အိပ်မက်ကိုအကောင်ထည်ဖော်ခွင့်ရမဲ့အခွင့်ရေးတစ်ခုရောက်လာခဲ့မယ်ဆိုရင်...."
ဇာတ်လမ်းအကျဥ်း...🎬
ရှန်ကျန်းယိဆိုတဲ့ကောင်မလေးဟာ ရေခဲပြင်စကိတ်စီးခြင်းကိုအရမ်းနှစ်သက်သူပါ တစ်နေ့မှာ နာမည်ကြီးလူသိများတဲ့ကျူဖုန်းရေခဲပြင်စကိတ်စီးအားကစားကလပ်တစ်ခုက ကစားသမားအသစ်ခေါ်ယူနေကြောင်းသိလိုက်ရတဲ့အခါ
ရှန်ကျန်းယိတစ်ယောက် ဒီအခွင့်အရေးဟာ သူမရဲ့အိပ်မက်ကိုအကောင်ထည်ဖော်ခွင့်ရမဲ့ နောက်ဆုံးအခွင့်ရေးဆိုတာသိလိုက်တယ်လေ ဒါကြောင့်ပရော်ဖက်ရှင်နယ်ကျတဲ့ ရေခဲပြင်တာတိုစကိတ်စီးသမားတစ်ယောက်ဖြစ်လာဖို့ အဲဒီကစားသမားအသစ်ရွေးချယ်ပွဲမှာ သူမအမေမသိအောင်ပါဝင်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်
လေ့ကျင့်မှု အတွေ့ကြုံမရှိတဲ့သူမအတွက် အားကစားအသင်းထဲဝင်နိုင်ဖို့ရာအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ရတဲ့အပြင် နည်းပြကျွမ်းယွဲ့ရဲ့တင်းကျပ်စွာလေ့ကျင့်ပေးမှုတွေကိုပါရင်ဆိုင်ရပါတော့တယ် နောက်ဆုံးမှာတော့ သူမရဲ့ကြိုးစားမှုကြောင့်အသင်းထဲဝင်ခွင့်ရခဲ့ပေမဲ့ကံဆိုးမှုဟာထပ်ရောက်လာပြန်ပါတယ်
ရှန်ကျန်းယိအမေဟာ ရှန်ကျန်းယိစကိတ်စီးအားကစားအသင်းထဲဝင်ထားတာကိုသိသွားခဲ့ပြီး အပြင်းအထန်ကန့်ကွက်ပါတော့တယ်
ရှန်ကျန်းယိ သူမအမေကိုသက်သေပြနိုင်ဖို့ အသင်းသားတွေနဲ့ပေါင်းပြီး ခက်ခဲတဲ့ကစားနည်းအသစ်ကိုစိန်ခေါ်ဖို့အကြောင်းဖန်လာတဲ့အခါ လေ့ကျင့်မှုမရှိတဲ့သူမအတွက် အသင်းသားတွေရဲ့ယုံကြည်မှုကိုရော ရယူနိုင်ပါ့မလား...
သူမရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်တဲ့ သရုပ်ပြစကိတ်စီးအသင်းကရှောက်ပေရှန်ရဲ့ အားပေးမှု ကူညီမှုပံ့ပိုးမှုတွေနဲ့အတူ ရှန်ကျန်းယိတစ်ယောက် တစ်ကယ်ပဲလုပ်နိုင်ပါ့မလား ..
စည်းကမ်းအရမ်းတင်းကျပ်လွန်းတဲ့နည်းပြကျွမ်းယွဲ့ကရော သူမကိုတပည့်အဖြစ်လက်ခံနိုင်ပါ့မလားဆိုတာ.... 🤔
ကိုယ်စီကိုယ်စီ အိပ်မက်တွေအမှန်တစ်ကယ်ဖြစ်လာနိုင်ဖို့ဘယ်လောက်ပဲအခက်ခဲအတားအဆီးတွေ ကြုံတွေ့ရပါစေ အရှုံးမပေးကြဘဲ ယှဥ်ပြိုင်မှုတစ်ခုစီတိုင်းကို သတ္တိရှိရှိရင်ဆိုင်ခဲ့ကြတဲ့ သူတို့သူငယ်ချင်းနှစ်ဦးကြား အနေနီးလာတာနဲ့အမျှဖြူစင်တဲ့သူငယ်ချင်းသံယောဇဥ်ကနေ အချစ်ဆိုတဲ့အရာတစ်ခုဖြစ်တည်လာတဲ့အခါ
သူတို့နှစ်ဦးရဲ့အချစ်ခရီးဟာသာယာဖြောင့်ဖြူးပါ့မလား ဘယ်လိုအရှုပ်ထုပ်တွေနဲ့ရင်ဆိုင်ရဦးမလဲဆိုတာ သိချင်ရင်တော့ " အကြင်နာလေပြေ အဖော်ပြု၍" ဆိုတဲ့ကားလေးမှာ ဆက်လက်ကြည့်ရှုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 💙
ဒီကားလေးရဲ့ main lead တွေကို Soulers တို့ရင်းနှီးကြမယ်လို့ထင်ပါတယ်
ရှောက်ပေရှန် အဖြစ် Wang Anyu
ရှန်ကျန်းယိအဖြစ် Song Zuer တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီးစုစုပေါင်း အပိုင်း ၃၃ ပိုင်းပါဝင်မှာဖြစ်ပါတယ်