-
Movie Name
-
IRRESISTIBLE (တားဆီးမရတဲ့အချစ်) (2021)
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
ST0432
-
Type
-
Series
-
Size
-
8.47 GB
-
Country
-
Thai
-
Description
-
Irresistible(2021) ထိုင်းဇာတ်လမ်းတွဲအညွှန်း
“လွန်ဆန်မရသောအချစ်” စ / ဆုံး
ခင် အဖြစ် Lee Thanat
မွတ် အဖြစ် Aom Sushar
ဇာတ်လမ်းအကျဉ်း
မွတ် နဲ့ ခင် တိုနှစ်ဦးဟာ တစ်ဦးကို တစ်ဦး အရမ်းချစ်ကြပြီး
လက်ထပ်ဖို ရည်ရွယ်ထားတဲ့ ချစ်သူနှစ်ဦး…..
တစ်နေ့ သူတိုနှစ်ဦး လက်ထပ်ဖို အချိန်နီးခါကြမှ
မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါတော့တယ်…
အဲ့ဒါကတော့ ခင့်ရဲ့ အစ်မဖြစ်သူ အစ်မဝီဟာ
တိုက်ခန်းထဲမှာ ရုတ်တရက် အသတ်ခံလိုက်ရခြင်းကြောင့်ပဲဖြစ်ပါတယ်
ရဲတွေဘက်က အစ်မဝီဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြောင်း ကောက်ချက်ချခဲ့ပေမယ့်လည်း
အစ်မဖြစ်သူရဲ့အကြောင်းကို နှံနှံစပ်စပ် သိတဲ့ ခင်တစ်ယောက်အဖိုကြတော့
အစ်မဖြစ်သူဟာ ကိုယ့်ကိုယ်ကို သတ်သေတာ လုံးဝ မဖြစ်နိုင်ကြောင်းဆိုကာ အပြင်းအထန် ငြင်းဆိုခဲ့ပါတော့တယ်….
နောက်ပြီး အစ်မဖြစ်သူ သေဆုံးရတဲ့ တစ်ဦးတည်းသော တရားခံမှာ
မွတ် အစ်ကို ဖြစ်သူ ထာဒါ့ကြောင့်ဟု ခင်တစ်ယောက် ပုံသေ ကောက်ချက်ချခဲ့ပါတော့တယ်….
မွတ်ဘက်ကလည်း ခင့်ကောက်ချက်ချချက်ကို လက်မခံဘဲ
သူ့အစ်ကိုနဲ့ အစ်မဝီသတ်သေမှုဟာ လုံးဝ မဆိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်…
ဒီလိုနဲ့ မွတ် နဲ့ ခင်တို နှစ်ဦးရဲ့ အဖြူထည် ချစ်ခြင်းလေးက
အရောင်စွန်းပြီး သွေဖယ် ပျက်ဆီးဖို အချိန်တန်ခဲ့ပါတော့တယ်..
အသည်းနင့်အောင် ချစ်ခဲ့ရတဲ့ ချစ်သူတွေ ဖြစ်ပါသော်လည်း
ငါ စွဲကြီးပြီး ငါ့ဘက်ကလူ မှန်ကန်ကြောင်း သက်သေပြဖိုအတွက်နဲ့
အချင်းချင်း နားကျည်းမုန်းတီးသွားပြီး ကလဲ့စားချေခြင်း အဖြစ် အသွင်းပြောင်းသွားခဲ့ပါတော့တယ်….
အဲ့ဒီလိုနဲ့ ဘာတွေဆက်ဖြစ်မလဲ??
ခင်ဘက်က ထင်မြင်ချက်ဟာ မှန်တယ်ဆိုတာကို မွတ် လက်ခံသွားမလား??
ကြားဝင်လာတဲ့ တတိယလူတစ်ချိုကြောင့် ခင် နဲ့ မွတ်တိုနှစ်ဦးရဲ့ ဆက်ဆံရေးလေး ပျက်စီးသွားလေးမလား??
အစ်မဖြစ်သူအတွက်နဲ့ မွတ်ကို ကလဲ့စားချေချင်ပေမယ့် မွတ်အပေါ် ရှိနေတဲ့ ခင်ရဲ့အချစ်တွေကို ခင်တစ်ယောက် လွန်ဆန်နိုင်ပါ့မလား???