-
Movie Name
-
Your Sensibility My Density (ချစ်ခြင်းတို့ဖြင့်ဖန်ဆင်းသော) (2021)
-
Year
-
2021
-
Generes
-
Comedy, Romance
-
Code
-
SC0408
-
Type
-
Series
-
Size
-
9.15 GB
-
Country
-
China
-
Description
-
ဒီဇာတ်လမ်းကို Wei He Zong Zi (维和粽子) ဆိုတဲ့နာမည်တူဝတ္ထုကနေ မီငြမ်းထားတာဖြစ်ပြီး တေမိလိုမင်းသားနဲ့ဆုံတွေ့ခွင့်ရပြီး အထီးကျန်ဆန်နေရတဲ့လူဆိုးမလေးရဲ့ခံစားချက်ကို ဟာသနှောရင်ဖွင့်ပြထားတဲ့ ဘဝအမောပြေနန်းတွင်းဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်
ဇာတ်ညွှန်း 🎬
မတော်တဆထိခိုက်မှုတစ်ခုကြောင့် ခံစားချက်မပါဘဲ မွေးဖွားလာခဲ့တဲ့ တရားစီရင်ရေးအရာရှိ
မော့ချင်းချန်
သွက်လက်ပြီး ပါးနပ်တဲ့ လူဆိုးမလေး လင်းချီ
လူဆိုးမလေး အဖမ်းခံရခါနီး အရာရှိမင်းလှည်းကို လွဲမှားတက်မိရာကစလို့ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေကနေတစ်ဆင့် ဖြစ်တည်လာတဲ့ သူတို့အိမ်ထောင်ရေး
ခံစားချက်မဲ့နေတဲ့ အိမ်ထောင်ဘက်နဲ့အကြောင်းဖန်လာတဲ့ မိန်းမငယ် လူဆိုးမလေး
သူ့ရဲ့ကြိုးပမ်းမှုတွေနဲ့ တစ်ရက်ပြီး တစ်ရက် အတူတူနီးကပ်စွာနေထိုင်ကြရင်း အမှန်တကယ်ချစ်သူတွေဖြစ်လာဖို့ ဘယ်လို ကြိုးစားမလဲ....
မော့ချင်းချန်ရဲ့ခံစားချက်တွေကို လင်းချီကဖွင့်ထုတ်ပြောလာနိုင်အောင်လုပ်ဆောင်နိုင်မှာလား....
ဒါမှမဟုတ် သူတို့နှစ်ဦးဘယ်လိုဇာတ်သိမ်းခွင့်ရမှာလဲ
ဒီဇာတ်လမ်းလေးမှာတော့ ထာဝရထက်ပိုသောစီးရီးမှာ မင်းကြီးလျိုကျီရှင်း(ကွမ်းလင်မင်းသား) အဖြစ်ပါဝင်ထားတဲ့ မင်းသား Wang Xing Yue နဲ့ မင်းသမီး Bu Guan Jin တို့မှ အဓိကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ၂၄ ပိုင်းပါဝင်ပါမယ်