Movie Name
Thibaan X BNK48 (2020)
Year
2020
Generes
Comedy
Code
TH0037
Type
Movie
Size
919 MB
Country
Thai
Description
Thibaan x BNK48 (2020) ဒီတစ်​ခေါက်မှာ​တော့ စိတ်အပန်း​​ဖြေရင်း မျက်စိပ​သာဒ ဖြစ်စရာ ထိုင်း Fancy ဇာတ်ကား​လေးတစ်ကားကို တင်ဆက်​​ပေးလိုက်ပါတယ်၊ ​ဒီဇာတ်လမ်းက ထူးခြားစွာပဲ ဟာသဇာတ်လမ်းတွဲ​​တွေနဲ့ ထိုင်းနိုင်ငံမှာနာမည်တစ်လုံးရှိတဲ့ Thibaanအဖွဲ့နဲ့ ၂၀၁၇ ခုနှစ်ထဲက စတင်ဖွဲ့စည်းထားတဲ့Pop idol အဖွဲ့ BNK48တို့ collabလုပ်ပြီး ရိုက်ကူးထားတာဖြစ်လို့ Thibaanအဖွဲ့ရဲ့ အတည်​ပေါက်ဟာသ​တွေနဲ့ အပြင်က တကယ့်Idol girl​လေးများရဲ့အလှနဲ့ သရုပ်​ဆောင်ပညာကို တပါတည်းကြည့်ရှုခံစားရင်း ဘဝအ​မော​တွေ​ပြေ​စေမှာပါ၊ နာမည်ရIdolအဖွဲ့ဖြစ်တဲ့ BNK48အဖွဲ့​အ​နေနဲ့ လက်ရှိမှာ ဒိတ်ဒိတ်ကြဲ​​အောင်မြင်​နေတဲ့ အဆို​တော်အဖွဲ့ဖြစ်​ပေမဲ့ အမြဲ​ပြောင်းလဲ​နေတဲ့ ဂီတ​ရေစီး​ကြောင်းထဲမှာ ဆန်းသစ်မှု မရှိလို့ ​ခေတ်​နောက်ကျကျန်ခဲ့မှာကို စိုးရိမ်​နေတဲ့အချိန်… ထိုင်းအ​ရှေ့ပိုင်း အီဆန်နယ်​တေးဂီတ​တွေနဲ့ နာမည်ရလာတဲ့ Music producer ကောင်​ဟွေလိုင်ကို မျက်စိကျပြီး BNK အဖွဲ့အတွက် အီဆန်သီချင်းတစ်ပုဒ်​စာ အပ်လိုက်ပါတယ်၊ Producer ​”ကောင်” အ​နေနဲ့ နေမထိ​ရေမထိIdol​လေး​တွေကို ကိုယ်သီဆိုရမယ့် အီဆန်သီချင်းရဲ့ အနှစ်သာရ၊ အီဆန်နယ်ရဲ့ ဓ​လေ့စရိုက်ကို ကိုယ်တိုင်ခံစားနိုင်ဖို့ဆိုပြီး အီဆန်နယ်၊ ဆီစကတ်မြို့ကို ​ခေါ်သွားခဲ့ပါတယ် မြို့ကြီးပြကြီးမှာပဲ ​နေလာခဲ့တဲ့ နုနုရွရွIdol​လေး​တွေနဲ့ ​ကျေးလက်က ရိုးသားပွင့်လင်းတဲ့ ​ဒေသခံ​တွေနဲ့အ​တွေ့၊ တကယ့်​ကျေးလက် ဓ​လေ့စရိုက်ကို ကိုယ်တိုင်အ​​တွေ့မှာ Idol​လေး​တွေအ​နေနဲ့ Producer​ ကောင်နဲ့ ပူး​ပေါင်းပြီး အီဆန်သီချင်းတစ်ပုဒ်ကို ​​အောင်မြင်စွာဖန်တီးနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲ​ပေါင်းများစွာနဲ့ ရင်ဆိုင်ရမလဲ၊ သူတို့ရဲ့သီချင်းကရော ပရိသတ်​အား​ပေးမှုရမလား စသဖြင့် ​ရယ်​မောစရာ ​ပျော်စရာ၊ ဝမ်းနည်းစရာ ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်၊ Idol​​တွေ တကယ်လှတာ​တော့ ​ပြောမယုံ ကြုံမှသိပါလိမ့်မယ်၊ ကိုယ်တိုင်ကြည့်ရှုခံစားရင်း ဘဝအ​မော​တွေက​နေ ​ခဏတာရုန်းထွက်လိုက်ပါ