-
Movie Name
-
Young Royals (2021)
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
SE0155
-
Type
-
Series
-
Size
-
4.46 GB
-
Country
-
Hollywood
-
Description
-
Young Royals (2021)
ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ နန်းတွင်းထဲကတော်ဝင်မျိုးနွယ်လူငယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။
အတိအကျပြောရရင်တော့ ဆွီဒင်နိုင်ငံရဲ့မင်းသားတစ်ပါးဖြစ်တဲ့ မင်းသားဝီလ်ဟမ်ရဲ့ဇာတ်လမ်းလေးပါ။
မင်းသားဝီလ်ဟမ်ဟာ အထက်တန်းကျောင်းသား ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ပါ။ တစ်နေ့
သူကလပ်မှာ ရန်ဖြစ်တဲ့ဗီဒီယို အွန်လိုင်းမှာပြန့်သွားပြီးနောက်မှာတော့ သူတို့ဆွီဒင်နိုင်ငံရဲ့ အချမ်းသာဆုံး
လူကုံထံသားသမီးတွေတက်တဲ့ ဟီလာစကာဆိုတဲ့ ဘော်ဒါမှာ ကျောင်းအိပ်ကျောင်းစားသွားတက်ရပါတော့တယ်။
အဲဒီဘော်ဒါက တော်ဝင်မျိုးနွယ်ကစလို့ ကုမ္ပဏီပိုင်ရှင်၊ မြေပိုင်ရှင်သားသမီး ခေတ်စကားနဲ့ဆို RK တွေပဲတက်တဲ့ကျောင်း
လူတန်းစားခွဲခြားမှုလည်းသိပ်များတဲ့ကျောင်းပေါ့။ အဲဒီထဲမှာမှ စီမွန်နဲ့ဆာရာကတော့ သာမန်လူလတ်တန်းစား
မိသားစုက ဘော်ဒါမနေဘဲနေ့ကျောင်းတက်တဲ့ မောင်နှမနှစ်ယောက်ပါ။
ဝီလ်ဟမ်က တော်ဝင်မျိုးနွယ်ရဲ့ဂုဏ်အဆောင်အယောင်တွေကို ကြိုက်လည်းမကြိုက်၊ လွန်လည်းမလွန်ဆန်နိုင်ဘူး။
ဒီလူကုံထံတွေရဲ့ လူတန်းစားခွဲခြားပြီး ခေါင်းပုံဖြတ်တဲ့အတွေးအခေါ်တွေကိုလည်း သူမကြိုက်တော့ အတန်းထဲက
တစ်ဦးတည်းသောလူလတ်တန်းစား စီမွန်ရဲ့အတွေးအခေါ်တွေက သူ့သဘောထားနဲ့သွားတိုက်ဆိုင်တာပေါ့။
အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ ကျောင်းသားသစ်ကြိုဆိုပွဲပါတီမှာ ရင်းနှီးသွားကြတယ်။
ရင်းနှီးရုံသာမက တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားကြတယ်ဆိုပါတော့။ သာမန်လူလတ်တန်းစားတစ်ယောက်လည်း
ဖြစ်တဲ့အပြင် လိင်တူချစ်သူလည်းဖြစ်နေတော့…စည်းမျဥ်းတင်းကြပ်လှတဲ့ တော်ဝင်မျိုးနွယ်မှာ ဝီလ်ဟမ်တစ်ယောက်
ဘယ်လိုတွေရှေ့ဆက်မှာလဲ။ သူ့အမေဘုရင်မကြီးပြောတဲ့ “မင်းသားဖြစ်ရတာ ပြစ်ဒဏ်မဟုတ်ဘူး။ အခွင့်ထူးစံစားရတာပဲ”
ဆိုတဲ့စကားက ဝီလ်ဟမ့်အတွက်ရောမှန်ပါ့မလားဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
(၆) ပိုင်းတစ်ပြိုင်တည်းထွက်ရှိထားပြီး . cm မှ တစ်နေ့တည်း အပြီးတင်ဆက်ပေးသွားပါမည်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ MTA ပဲဖြစ်ပါတယ်။)