-
Movie Name
-
My First Love Is Secret (တိတ်တခိုးအချစ်ဦး)
-
Year
-
2021
-
Generes
-
Comedy, Romance
-
Code
-
SC0411
-
Type
-
Series
-
Size
-
3.01 GB
-
Country
-
China
-
Description
-
ဝက်ပေါက်ကလေး ကျူးချန်းရွှမ်
ဟာအထက်တန်းကျောင်းသူဘဝတုန်းက ကျောင်းမှာနာမည်ကြီးနေတဲ့ကောင်လေး ရှောင်ရဲ့ ကိုသဘောကျခဲ့ပါတယ်........
ဒါပေမဲ့သူမဟာဝန်မခံရဲဘဲ သူမကိုယ်သူမဝိတ်ချလိုက်ဖို့ပဲဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။
အစားကိုချင့်ချိန်တွက်ဆစားတာ ၊ ဝိတ်ကျဆေးသောက်တာ ၊ အစာကိုအန်ထုတ်ပစ်တာ ၊ လျှပ်စစ်ကုထုံးလုပ်တာ စတဲ့ဝိတ်ချနည်းပေါင်းစုံလုပ်ခဲ့ပြီးတဲ့နောက်မှာ သူမဟာဝိတ်မကျလာတဲ့အပြင် ရွယ်တူတွေရဲ့လှောင်ပြောင်ခြင်းနဲ့ အပယ်ခံလုပ်ခြင်းကိုသာခံစားခဲ့ရပါတယ် သူမရဲ့အချိန်တော်ကြာအားစိုက်ခဲ့မှုဟာ ဘာမှဖြစ်မလာသလို သူမရဲ့တစ်ဖတ်သက်အချစ်ဟာလည်းဘာအကျိုးမှမရဘဲအဆုံးသတ်ခဲ့ရပါတော့တယ်။
ကျောင်းပြီးသွားတဲ့နောက်မှာ သူတို့ဟာ ဘယ်တော့မှမဆုံနိုင်တော့မဲ့
မျဉ်းနှစ်ကြောင်းလို ကိုယ့်လမ်းကိုလျှောက်ခဲ့ကြရပါတယ်...........
သူမ ခံစားခဲ့ရတဲ့ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေကို ဘယ်သူကများမျှဝေခံစားပေးခဲ့လေမလဲ....
မျဉ်းနှစ်ကြောင်းကကောဆုံဖြစ်ပါ့မလား....
ဆုံခဲ့ရင်ရော လွတ်လပ်တဲ့သူတွေဖြစ်နေပါဦးမလား....
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို
My first love is secret love ''တိတ်တခိုးအချစ်ဦး'' ဆိုတဲ့ကားလေးမှာဆက်လက်ရှုစားကြည့်လိုက်ရအောင်ပါနော်....
ဒီဇာတ်လမ်းလေးထဲမှာ
အဓိကဇာတ်ဆောင်မင်းသားက
"ချစ်တတ်လွန်တဲ့ရွှေမင်းသမီး'' ကားထဲက မှော်ကြေးမုံလေး ပိုင်ကျင်းဇီ အဖြစ်သရုပ်ဆောင်ခဲ့ပြီး
မင်းသမီးကတော့ ''ကမ္ဘာခြားကချစ်ရသူ'' ကားထဲမှာ ချန်ကျန်းကျန်းနဲ့ "အချစ်ဦးဆိုသည်မှာ'' ကားထဲမှာ လင်းရှား တို့အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။
အပိုင်းတိုပြီးပေါ့ပေါ့ပါးပါးလေးကြည့်တတ်သူတွေလက်မလွှတ်သင့်တဲ့ကားလေးမို့ SoulKingdomမှာစောင့်မျှော်ကြည့်ရှုကြရအောင်ပါနော်...