Movie Name
A River Runs Through It (အကြင်နာနွေးနွေး) (2021)
Year
2021
Generes
Comedy, Romance
Code
SC0414
Type
Series
Size
12.3 GB
Country
China
Description
1-36 complete မင်းသားက မင်းသမိးကို မချစ်သလို အနိုင်ကျင့်ပီး အရမ်းဂရုစိုက်သာနော် အရမ်းကောင်းလို့ တင်ပေးလိုက်ပီ A River Runs Through It (2021) အကြင်နာနွေးနွေး (မြန်မာစာတန်းထိုး) ဒီတစ်ခေါက်မှာတော့ SoulKingdomပရိတ်သတ်ကြီးအတွက် အရမ်းချစ်စရာကောင်းတဲ့ Romance/ High Schoolကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ကျောင်းပြောင်းလာတဲ့ကျောင်းသူလေးတစ်ယောက် သူငယ်ချင်းအသစ်တွေနဲ့ စတင်တွေ့ဆုံခဲ့ရာကနေ ဒီဇာတ်လမ်းလေးစတင်ဖြစ်ပေါ်လာခဲ့ပါတယ်တဲ့ ရှရှောင်ကျွီဆိုတဲ့ ကျောင်းသူအသစ်လေးတစ်ယောက်က ကျောင်းအသစ်မှာ သဘောကောင်းပြီး ကြင်နာတတ်တဲ့ ချန်လန်၊ ရိုးရိုးအေးအေးသမား လုရွီယီး၊ တွေဝေနေတတ်တဲ့ ချိုးလော့ထောင်၊ လင်းယို့ စတဲ့ သူငယ်ချင်းအသစ်တွေနဲ့ သိကျွမ်းမိခဲ့ပါတယ်။ အရာရာအသစ်ဖြစ်နေတဲ့ရှရှောင်ကျွီအတွက် ပတ်ဝန်းကျင်အသစ်မှာ သူငယ်ချင်းအသစ်တွေနဲ့ရော အဆင်ပြေပါ့မလား၊ အကျင့်စရိုက်ချင်းမတူတဲ့ လူငယ်လေး၆ယောက်က ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားကြမလဲ၊ ဘ၀လမ်းခရီးရဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေကြားထဲမှာ သူတို့တွေ ဘယ်လိုတွေဖြတ်သန်းသွားကြမလဲဆိုတာတေြကို ကြည်နူးမှုရသအပြည့်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ 😍 ခေါင်းဆောင်မင်းသား၊မင်းသမီးကေတာ့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Richards Wang နဲ Hu Yi Xuan တို့ဖြစ်ပြီး Support Rolesအနေနဲ့ Judy Qi၊ Tan Quan၊ Chen Bo Hao၊ Jiang Zhuo Junတို့က ပါ၀င်အားဖြည့်ထားတဲ့ဒီကားလေးဟာ အပိုင်း(36)ပါရှိမှာပါရှင့်။ ချစ်စရာကောင်းတဲ့လူငယ်အငွေ့အသက်လေးတွေနဲ့ မေတ္တာဓာတ်လေးတွေကို အပြည့်အ၀ခံစားရမှာမို့လို့ "အကြင်နာနွေးနွေး" ဆိုတဲ့ ဒီကားဇာတ်လမ်းလေးကို အတူတူစောင့်ကြည့်လိုက်ရအောင်နော်