Movie Name
The Mysterious Benedict Society (2021)
Year
2021
Generes
Action, Adventure, Comedy
Code
SE0156
Type
Series
Size
4.02 GB
Country
Hollywood
Description
ဒစ်စနေးကတော့ စီးရီးကောင်းတွေချည်းပဲ ချနေတာပါပဲ။ ဒီဟာလည်း rating 7.8 ရထားပါတယ်။ နာမည်ကျော် စာအုပ်တွဲတွေကို ပြန်ရိုက်ထားတာပါပဲ။ ကလေး ဟာသ စုံထောက် အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေကြားထဲမှာ အရေးပေါ်ကိစ္စ ဆိုတဲ့အရာကြီး ပြန့်နှံ့နေပါတယ်။ ဘာဖြစ်မှာလဲမသိ ဘယ်တော့ဖြစ်မှာလဲမသိဘဲနဲ့ ဒီအတိုင်း လူတွေကြောက်လန့်နေကြပြီး ဝရုန်းသုန်းကားတွေ ဖြစ်နေတာပါ။ ဒါကို ဖြေရှင်းဖို့အတွက် ဘန်နီဒစ်ဆိုတဲ့ သိပ္ပံပညာရှင် လူထူးဆန်းကြီးက ပညာသင်ဆုပေးမယ်ဆိုပြီး စာမေးပွဲတစ်ခု စစ်လိုက်ပါတယ်။ လာပြီးဖြေကြတဲ့ ကလေးတွေကို ထူးဆန်းတဲ့ စာမေးပွဲတွေ စစ်ပြီး ထူးခြားတဲ့ စွမ်းရည်ကိုယ်စီနဲ့ ကလေးလေးယောက်ကို ရွေးချယ်လိုက်ပါတယ်။ တစ်ယောက်ကတော့ ဖတ်သမျှ၊မြင်သမျှ အကုန်မှတ်မိနေတဲ့ ဉာဏ်ကြီးရှင်၊ နောက်တစ်ယောက်ကလည်း သချာင်္တွေ ဘာသာစကားတွေ ဗဟုသုတတွေ အကုန်တော်တဲ့ကလေး၊ နောက်တစ်ယောက်က ဆပ်ကပ်ကနေ လာတဲ့ ကျွမ်းဘားနဲ့အတိုက်အခိုက်သမား၊ နောက်တစ်ယောက်ကတော့ ဘာမှန်းမသိဘဲ တွေ့သမျှ အမှန်တွေချည်းပြောတဲ့ ဘုကလန့် ကလေးမ တစ်ယောက်ပါ။ သူတို့ လေးယောက်သား အဖွဲ့ဖွဲ့ပြီး တစ်နိုင်ငံလုံးကို ဆိုက်ကိုထည့်နေတဲ့ နောက်ကွယ်က လူဆိုးတွေကို ဘယ်လို အဖြေရှာပြီးဖြေရှင်းကြမလဲဆိုတာ…