Movie Name
Just Between Lover
Year
2017
Generes
Drama, Romance
Code
SKR0214
Type
Series
Size
7.73 GB
Country
Korea
Description
Lee Kang-Doo (Junho) ကချမ်းသာတဲ့မိသားစုကဖြစ်ပြီး သူ့ရဲ့စိတ်ကူးအိပ်မက်က တစ်နေ့မှာဘောလုံးကစားသမားတစ်ယောက်ဖြစ်လာဖို့ပေါ့။ ဒါပေမယ့် သူ့ဘဝကိုကပြောင်းကပြန်ပြောင်းလဲသွားစေတဲ့ မတော်တဆမှု တစ်ခုမှာ ဖခင်ကို ဆုံးရှုံးခဲ့ရသလို သူ့ခြေထောက်လည်းကျိုးသွားခဲ့တဲ့အတွက် အားကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့အိပ်မက်တွေကို အဆုံးသတ်သွားစေခဲ့ပါတယ်။ နောက် သူ့အမေကိုလည်း ကင်ဆာ ကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရပြီး သူ့အမေရဲ့အကြွေးတွေနဲ့သာတစ်ယောက်တည်းကျန်ခဲ့ပါတယ်။ ခုလက်ရှိမှာတော့ Lee Kang-Doo (Junho) ကဈေးသက်သာတဲ့ မိုတယ်တစ်ခုမှာငှားနေရင်း အကြွေးဆပ်ဖို့ ငွေရှာနေရသူပါ။ ခုလို သူ့ဘဝ ချွတ်ခြုံကျနေချိန်မှာ Ha Moon-Soo (Won Jin-Ah) နဲ့ လမ်းကြားလေးတစ်ခုမှာ ဆုံမိသွားတဲ့အခါမှာတော့ ကြမ္မာဆိုးဟာ လွင့်ပါးသွားပုံရပါတယ်။ Ha Moon-Soo (Won Jin-Ah) က အဆောက်အဦ ပုံစံငယ်လေးတွေ ပြုလုပ်တဲ့ architect တစ်ယောက်။ သူမကလည်း တူညီတဲ့ မတော်တဆမှုမှာ သူ့ရဲ့မောင်/ညီမ ငယ်ကိုဆုံးရှုံးခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့လူ။ ဒီဖြစ်ရပ်မှာ သူမ အသက်ရှင်ကျန်ခဲ့တဲ့အပေါ် အပြစ်ရှိသလို ခံစားနေရသူ..။ ဒီခံစားချက်တွေကို မျိုသိပ်ခံစားရင်းနဲ့ နေ့ရက်တွေကိုဖြတ်သန်းနေရသူပါ။ ခုလို တစ်ယောက်ရဲ့ ဘဝ ထဲကို တစ်ယောက် ဝင်ရောက်လာတဲ့အချိန်မှာတော့ အချင်းချင်းဖေးမကူညီကြရင်း .. ဘယ်လိုတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဇာတ်လမ်းတွဲလေးထဲမှာ စီးမျောခံစားကြပါကုန်