Movie Name
A California Christmas City Lights (2021)
Year
2021
Generes
Comedy, Drama, Romance
Code
EN0801
Type
Movie
Size
921 MB
Country
Hollywood
Description
ဒီတစ်ခါမှာတော့ Netflixကထွက်ရှိထားတဲ့ Romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ A California Christmas City Lights (2021) ဇာတ်လမ်းကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ IMDb 5.8/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အရမ်းချစ်ကြတဲ့ချစ်သူနှစ်ယောက်ရဲ့ ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဂျိုးဆက်ဗန်အက်စတန်ဟာ ဘဝကို အပူအပင်ကင်းကင်း နေထိုင်ချင်တဲ့သူဖြစ်ပါတယ်။ ကယ်လီဘားနက်ရဲ့ မွေးမြူရေးခြံမှာ ချစ်ရသူကယ်လီနဲ့ စပျစ်ဝိုင်ထုတ်လုပ်ဖို့ကြိုးစားရင်း အချိန်တွေကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးနေခဲ့ပါတယ်။ ချစ်ရသူကယ်လီကို လက်ထပ်ခွင့်တောင်းပြီး နောက်တစ်နေ့မနက်မှာပဲ မိဘလုပ်ငန်းတွေရှိတဲ့ ဆန်ဖရန်စစ်စကိုကိုပြန်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ကယ်လီကိုထားခဲ့ပြီး မထွက်သွားနိုင်တဲ့အတွက် သူနဲ့အတူ ဆန်ဖရန်စစ်စကိုကိုလိုက်ခဲ့ဖို့ ချစ်သူကယ်လီကို တောင်းဆိုခဲ့ပါတယ်။ ခြံမန်နေဂျာ မန်နီနဲ့ သူငယ်ချင်းဖြစ်သူ ဘရန်ဒီကို စိုက်ပျိုးမွေးမြူရေးခြံမှာထားခဲ့ပြီးတော့ ဂျိုးဆက်နဲ့အတူ ဆန်ဖရန်စစ်စကိုကိုလိုက်သွားဖို့ ကယ်လီဆုံးဖြတ်လိုက်ပါတယ်။ ဂျိုးဆက်ရဲ့အမေဖြစ်သူဟာ သူ့ခင်ပွန်းတည်ထောင်ခဲ့တဲ့ကုမ္ပဏီကို သူ့သားဂျိုးဆက်နာမည်နဲ့ လွှဲအပ်ခဲ့ပါတယ်။ ပြိုလဲလုဆဲဆဲဖြစ်နေတဲ့ ဖခင်ဖြစ်သူရဲ့ကုမ္ပဏီကို ဦးဆောင်ဖို့အတွက် ဆန်ဖရန်စစ်စကိုကို ဂျိုးဆက်အမြန်ပြန်လာခဲ့တာဖြစ်ပါတယ်။ ဂျိုးဆက်နဲ့ကယ်လီ ဆန်ဖရန်စစ်စကိုကိုရောက်ပြီးတော့ သူတို့မင်္ဂလာပွဲကို ဘယ်လိုစည်စည်ကားကားကျင်းပဖို့ စီစဉ်ကြမလဲ? သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအတားအဆီးတွေ ရှိနေမလဲ? အခက်အခဲအတားအဆီးတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ? ….