-
Movie Name
-
Who Is The Murderer (2021)
-
Year
-
2021
-
Generes
-
Thriller
-
Code
-
SC0416
-
Type
-
Series
-
Size
-
4.19 GB
-
Country
-
China
-
Description
-
ဒီတစ်ခါ တင်ဆက်ပေးမယ့် series လေးကတော့ ပုံမှန်တင်ဆက်နေကျ
ဇာတ်လမ်းမျိုးမဟုတ်တဲ့ Who’s the murderer ဆိုတဲ့ မှုခင်း series လေးပဲဖြစ်ပါတယ်
ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့အမျိုးသမီးစိတ်ပညာရှင်
Shen Yu အဖြစ် The journey of Flower , Princess agent ,Story of Minglan အစရှိတဲ့
နာမည်ကြီး ဇာတ်လမ်းတွဲတွေရိုက်ကူးခဲ့တဲ့ ပိုးစုန်းကြူးလေးတွေ(Ying Huo Chong) တို့ရဲ့
အသည်းကျော်လေးနာမည်ကြီးမင်းသမီး Zhao Liying💛 မှုခင်းရဲအရာရှိ
Leng Xiaobing အဖြစ် မင်းသားXiao Yang အလုပ်သင်ရဲ Xia Mu အဖြစ်
မင်းသား Dong Zijian တို့က ပါဝင်သရုပ်ထားတာဖြစ်ပါတယ်
မှုခင်းဇာတ်လမ်းတွဲလေး ပီပီ 2001 ခုနှစ်ချမ်းလွန်းတဲ့ဆောင်းရာသီတစ်ခုအတွင်း
ဟိုင်ကျိုးမြို့ရဲ့ ဆေးရုံတစ်ခုမှာ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ရာက
အစချီခဲ့ပြီး ရဲပေါက်စ Leng Xiaobing နဲ့အတူ သူ့စီနီယာတို့က
အမှုဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့ရာ ကွင်းဆက်လူသတ်သမားနဲ့
ထိပ်တိုက်တွေ့ဆုံခဲ့ပြီး Leng Xiaobing ဟာ ကွင်းဆက်လူသတ်သမားကို
သေနတ်ဖြင့်ချိန်ရွယ်ခဲ့ပေမယ့်လည်း မပစ်ရဲခဲ့တာကြောင့် တရားခံဟာ
သူ့စီနီယာကို သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်
Leng Xiaobing ဟာရဲဌာနမှာ ဆက်ပြီးတာဝန်ထမ်းဆောင်ချင်တဲ့အတွက်
သေနတ်မပစ်ရဲခဲ့တာကို ဖုံးကွယ်ပြီးဆက်နေခဲ့တာကြောင့်
ဟိုင်ကျိုးလူသတ်မှုဟာ ဆိုင်းငံ့နေခဲ့ပါတော့တယ် ဒါပေမယ့် ဟိုင်ကျိုးလူသတ်မှုရဲ့
နစ်နာသူလည်းဖြစ် မျက်မြင်သက်သေတစ်ယောက်လည်းဖြစ်တဲ့
Xia Mu ဟာ 16 နှစ်အကြာမှာ Leng Xiaobing ရှိတဲ့ဌာနကို
အလုပ်သင်အဖြစ်ရောက်လာခဲ့ပြီး နှစ်ယောက်စလုံးက စိတ်ပညာရှင်
Shen Yu ရဲ့အဖေကိုလူသတ်တရားခံအဖြစ် သံသယဝင်နေခဲ့ပါတော့တယ်
တစ်ဖက်မှာလည်း Shen Yu က အလားတူ အမှုမျိုးကို ဖန်တီးဖို့စီစဉ်နေခဲ့ပါတယ်
နောက်ဆုံးမှာ 3ယောက်အတူ လက်တွဲပြီး အမှုမှန်ကို ဘယ်လို ဖော်ထုတ်သွားမှာလဲ
လွန်ခဲ့တဲ့16နှစ်က ဖြစ်ပွားခဲ့တဲ့လူသတ်မှုမှာ သူတို့3ယောက်က ဘယ်လိုပက်သက်နေမှာလဲ
ဇာတ်လမ်းတွဲရဲ့ နာမည်အတိုင်း ဘယ်သူက လူသတ်တရားခံလဲ ဆိုတာကို
ပဟေဠိဆန်ဆန် စိတ်ဝင်စားဖွယ် ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်မျှော်ကြည့်ရှုရမယ့်
ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးသွားတော့မှာ ဖြစ်လို့
မှုခင်းဇာတ်လမ်းတွဲကို ကြိုက်တဲ့သူတွေအနေနဲ့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်