Movie Name
Rules Of Zoovenia (နေရောင်ဖြာတဲ့နေ့လေးတစ်နေ့) (2021)
Year
2021
Generes
Comedy, Romance
Code
SC0417
Type
Series
Size
10.2 GB
Country
China
Description
1-24 complete ဒီတစ်ခါပရိသတ်ကြီးကို ပေါ့ပေါ့ပေါးပါးနဲ့ ဘဝအမောတွေ ဖြေနိုင်မယ့် လူငယ်ကျောင်းသားကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း 👇👇👇 ဟယ်ရှောင်ချင်းဆိုတဲ့ကောင်မလေးက သူမ ငယ်ငယ်လေးထဲက လူမှုဖူလုံရေးပြုစုစောင့်ရှောက်ရေးစင်တာ တစ်ခုမှာ လုပ်အားပေးကူညီနေခဲ့တာဖြစ်ပါတယ်။ ကံတရားရဲ့အပြောင်းအလဲတစ်ခုကြောင့် သူမက နာမည်ကြီးကျောင်းတစ်ကျောင်းမှာ ပညာသင်ခွင့်ရခဲ့ပြီး သူမကလည်း ကျောင်းစာကို အပြင်းအထန်ကြိုးစားခဲ့ပါတယ်။တစ်ချိန်ထဲမှာပဲ သူမအတွက်သူမမိဘတွေ မပင်ပန်းရအောင် ကျောင်းချိန်ပြီးရင် အချိန်ပိုင်းအလုပ်လည်း လုပ်ပါသေးတယ်။ ဒီလိုနဲ့ သူမဟာ သူမကို ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ ပိုင်ကျန်းလျန်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရပါတယ်။သူမက ပိုင်ရှီဝမ် တုန်ဖန်းယွီဆိုတဲ့ သူငယ်ချင်းအသစ်တွေလဲ ရလာခဲ့ပါတယ်။ ဒါပေမဲ့ သူမကြိုးစားအားထုတ်ပေမဲ့ အတန်းဖော်အချင်းချင်းကြားမှာ မနာလိုမှုတွေ အမြင်ကွဲလွဲမှုတွေရှိတာမို့ သူမရဲ့ကျောင်းသူဘဝက အရမ်းတော့ မလွယ်ကူခဲ့ပါဘူး။ သူမအတွက် ကံကောင်းတာတစ်ခုက သူမက လူမှုဖူလုံရေးပြုစုစောင့်ရှောက်ရေးစင်တာမှာ ပြသနာတွေဖြေရှင်းနိုင်ဖို့အတွေ့အကြုံကောင်းတွေရခဲ့တာပါပဲ။စိတ်သဘောထားကောင်းတဲ့ ဟယ်ရှောင်ချင်းတစ်ယောက် အခက်အခဲတွေကြားမှာ သူမဘဝအတွက် ဘယ်လိုတွေကြိုးစားကြမလဲ တစ်ခြားသူတွေကိုရော ဘယ်လိုတွေကူညီပေးမလဲဆိုတာကို သိချင်ရင်တော့ SoulKingdom ကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် "နေရောင်ဖြာတဲ့ နေ့လေးတစ်နေ့"(Rules of Zoovenia) ဆိုတဲ့ကားလေးကို စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။