Movie Name
Olaf Presents (2021)
Year
2021
Generes
Animation, Comedy
Code
AN0424
Type
Movie
Size
171 MB
Country
Hollywood
Description
(mini စီးရီး အနေနဲ့ 5ပိုင်းအဖြစ်ထွက်ရှိထားပေမယ့် တစုတစည်းတည်းကြည့်လို့ရအောင် တပိုင်းတည်းအဖြစ်တင်ဆက်ပေးထားပါတယ် ) Let it go, Into the Unknown စတဲ့သီချင်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ Frozen ကားလေးကတော့ လူတိုင်း သိပြီးဖြစ်မှာပါ။ ဒီကားလေးထဲမှာမှ Elsa, Anna တို့အပြင် လူတိုင်း ချစ်ခင်ကြတဲ့ မုန်လာဉနီနှာခေါင်းလေးနဲ့ နှင်းလူသားလေး Olaf ကတော့ဖြင့် comback လာခဲ့ပြန်ပါပြီ။ Comeback တောင် ရိုးရိုး Comeback မဟုတ်ဘဲ Disney ရဲ့ သမိုင်းဝင်ကားတွေဖြစ်တဲ့ The Little Mermaid, Moana, The Lion King, Aladdin, Tangled, Frozen စတဲ့ဇာတ်လမ်းတွေကို အတိုချုံးပြန်လည်တင်ဆက်တဲ့ Olaf Presents ဆိုတဲ့ Mini Series လေးအဖြစ် ပြန်လည် ထွက်ပေါ်လာတာပါ။ Olaf Presents မှာ အပိုင်း ၆ ပိုင်း ပါဝင်ပြီးတော့ တစ်ပိုင်းစီက Disney ကားဟောင်းတွေဖြစ်တဲ့ “The Little Mermaid, Moana, The Lion King, Aladdin, Tangled, Frozen” တစ်ခုချင်းစီကို မှီငြမ်းထားတာ ဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီရဲ့ မင်းသား၊ မင်းသမီးနေရာရော ဗီလိန်နေရာရောအတွက် Olaf နဲ့အတူ Frozen ကားထဲက Sven နဲ့ Marshmallow, Frozen 2 ထဲက Bruni နဲ့ Gale တို့တွေက ပေါက်ကရလုပ်လိုက်၊ တစ်စိတ်ကိုတစ်အိတ်လုပ်လိုက်နဲ့ သရုပ်ဆောင်သွားမှာပါ။ ဒီ Mini Series လေးကိုကြည့်ရင်း သေချာတာတစ်ခုက Little Mermaid တို့ Lion King တို့လို ကားဟောင်းတွေကို ပြန်ကြည့်ချင်စိတ် တဖွားဖွား ဖြစ်ပေါ်လာမယ့်အပြင် ငယ်ဘဝ အမှတ်တရတွေကိုပါ ပြန်လည်သတိရလာဦးမှာပါ။ ဒီတော့ ဘဝအမောတွေကို တစ်ခဏတာဖြေဖျောက်ဖို့ မအေးအေးဝင်းစီစဉ်တာ မဟုတ်ဘဲ Olaf စီစဉ်တင်ဆက်တဲ့ Olaf Presents Mini Comedy Series လေးကို CM နဲ့အတူ ခံစားကြည့်ရှုရအောင်နော်။