Movie Name
Lalbagh (2021)
Year
2021
Generes
Drama, Thriller
Code
IND0239
Type
Movie
Size
868 MB
Country
Bollywood
Description
အိန္ဒိယ‌ကားကောင်းလေးတွေကြိုက်တတ်တဲ့ GCပရိတ်သတ်ကြီးအတွက် ကားကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားလေးမှာတော့ တွမ်လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ ဇနီးအပေါ်လည်းဂရုစိုက်တတ် သမီးအပေါ်လည်း သိပ်ကိုချစ်တတ် အပေါင်းအသင်းလည်းကောင်းတဲ့လူကောင်းတစ်ယောက်ပါ ဒါမယ့် လူတိုင်းဟာ မပြည့်စုံနိုင်ဘူးလို့ဆိုသလိုပဲ သာမန်ကာလျှံကာကြည့်ရင် လူကောင်းတစ်ယောက်အဖြစ် ပြည့်စုံနေတဲ့တွမ်မှာလည်း လိုအပ်ချက်လေးတွေ Dark Sideလေးတွေရှိနေပါသေးတယ် ဒါ့အပြင်တွမ်ဟာ ကျန်းမာရေးပြဿနာလည်း အနည်းငယ်ရှိနေသူပါ ဒီလိုနဲ့နေထိုင်လာရင်း သမီးဖြစ်သူမွေးနေ့ကိုရောက်လာပါတော့တယ် သူငယ်ချင်းအသိုင်းအဝိုင်းစုံစုံလင်လင်နဲ့ ပျော်စရာမွေးနေ့ပွဲကိုကျင်းပနေရင်းကာမှ နောက်တစ်နေ့မနက်‌မှာတော့ တွမ်တစ်ယောက် ရုတ်တရက်ကြီးဆုံးသွားပါတော့တယ် လူတိုင်းအမြင်မှာပြည့်စုံနေတဲ့တွမ်တစ်ယောက် ဘာလို့ရုတ်တရက်ကြီးဆုံးပါးသွားရတာလဲ တွမ်ရဲ့အနည်းငယ်မပြည့်စုံရှာတဲ့အားနည်းချက်တွေကြောင့်လား လူကောင်းတစ်ယောက်ဖြစ်သူ‌မှာရော ဘယ်သူတွေကများအငြိုးတရားတွေ ထားနေသလဲ ကျန်းမာရေးပြဿနာတွေကြောင့်ပဲလားဆိုတာကိုတော့ ဇာတ်ကားထဲမှာကြည့်ရှုပေးကြပါဦး တခြားသောအိန္ဒိယကားတွေလို တရားလွန်မဖြစ်နေဘဲ အဆင်သင့်သင့်ဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတာမလို့ အကြိုက်တွေ့ကြမှာသေချာပါတယ်