-
Movie Name
-
Vigil (2021)
-
Year
-
2021
-
Generes
-
Crime, Drama
-
Code
-
SE0157
-
Type
-
Series
-
Size
-
4.37 GB
-
Country
-
Hollywood
-
Description
-
IMDb Rating – 7.5/10
ဒီစီးရီးကို Quality contentတွေပဲ ရိုက်တတ်တဲ့ BBC One ရုပ်သံလိုင်းကနေထုတ်လွှင့်တာဖြစ်ပြီး အပိုင်း ၆ပိုင်းပဲ ပါဝင်တဲ့
Limited Miniseries ဖြစ်ပါတယ်၊ IMDb -7.5 , Rotten Tomatoes – 71%ရရှိထားပြီး Critic reviewကောင်းတွေ အများကြီး
ရထားတဲ့ စီးရီးပါ၊ British ဝါရင့်မင်းသမီး Suranne Jones နဲ့ GOTထဲမှာ Ygritte အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးချော
Rose Leslieတို့က ခေါင်းဆောင်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။
HMS Vigilဆိုတာ ဗြိတိန်ကျွန်းစုရေပိုင်နက်ကို ကင်းလှည့်စစ်ဆင်ရေး လုပ်ပေးရတဲ့ တော်ဝင်ရေတပ်ထဲက ရေငုပ်သင်္ဘောကြီး
တစ်စင်းပါ၊ တစ်နေ့မှာ Vigil ကမ်းလှည့်တာဝန် ဆောင်ရွက်နေတဲ့အချိန်အတွင်း စကော့တလန် ငါးဖမ်းစက်လှေတစ်စီးက ပဟေဠိဆန်စွာ
ရေအောက်ကိုဆွဲချနှစ်မြုပ်ခံလိုက်ရပါတယ်၊ မရှေးမနှောင်းပဲ သင်္ဘောကြီးပေါ်က တပ်ကြပ်အရာရှိ Craig Burkeဟာလည်း
Heroinအသုံးလွန်ပြီး သေဆုံးသွားပါတယ်၊
ဒီသေဆုံးမှုကို Vigilပေါ်အထိသွားပြီး တာဝန်ယူစုံစမ်းရမယ့်သူက စကော့လူမျိုးစုံထောက် Amy Silva၊ အမှုဖြေရှင်းဖို့ ပေးထားတဲ့အချိန်က
“၃ရက်”၊ တကယ်တမ်း စုံစမ်းတော့မှ သွေးရိုးသားရိုးမဟုတ်တဲ့ အချက်တွေပေါ်လာတဲ့အခါ Amy Silvaတစ်ယောက် ၃ရက်ထဲနဲ့အမူမှန်
ဖော်ထုတ်နိုင်မှာလား၊
နောက်ပြီး စကော့တစ်ငါးဖမ်းစက်လှေကရော အကြောင်းမဲ့နစ်မြုပ်သွားတာလား၊ Vigilသင်္ဘောရဲ့ လက်ချက်ပဲလား၊ ဘာဆိုဘာမှမဆိုင်တဲ့
အရာရှိသေဆုံးမှုနဲ့ စက်လှေနစ်မြုပ်မှုက ဘယ်လိုစပ်ဆက်နေမလဲ စသဖြင့်စုံစမ်းစစ်ဆေးရင်း တစ်နွယ်ငင် တစ်စင်ပါဆိုသလို နိုင်ငံတော်
လုံခြုံရေး၊ စစ်ရေးစစ်ရာစသဖြင့် ကိစ္စတွေပွေလီရှုပ်လာတဲ့အခါ…..
BBC Oneက ဖြစ်လို့ ရိုက်ကွင်းရိုက်ကွက်ကောင်းကောင်း၊ background soundtrackကောင်းကောင်းနဲ့ Crime, Mystery Seriesကောင်း
ကောင်း ငတ်နေသူများအတွက် မဲပြာပုဆိုး Seriesတွေကနေကွဲထွက်ပြီး ကိုယ်တိုင်ရေငုပ်သင်္ဘောထဲ သွားရောက်စုံစမ်းနေရသလို မွန်းကြပ်
ရှုပ်ထွေးမှု၊ ပဟေဠိဆန်မှု၊ နားမလည်နိုင်မှုတွေနဲ့အတူ စီးမြောသွားစေမယ့် Quality Seriesကောင်းတစ်ခုဖြစ်ပါတယ်၊