Movie Name
Foundation (2021)
Year
2021
Generes
Drama, Sci-Fi
Code
SE0158
Type
Series
Size
5.85 GB
Country
Hollywood
Description
ဒီ Seriesဟာ Apple Tvက​နေ ဒီ​နေ့မှထွက်ရှိလာတဲ့ Scientific drama seriesပဲဖြစ်ပါတယ်၊ အ​မေရိကန်စာ​ရေးဆရာ Issac Asimovရဲ့ နာမည်​ကျော် Foundation ဝတ္ထုသုံးအုပ်တွဲကို အ​ခြေခံရိုက်ကူးထားတာပါ၊ ဇာတ်လမ်းအညွှန်းက​တော့ မ​ဝေး​တော့တဲ့အနာဂတ်မှာဖြစ်လာမယ့် Galactic Empireထဲက သင်္ချာပညာရှင် Hari Seldonဟာသူကျွမ်းကျင်တဲ့ Psychohistoryပညာရပ်မှတဆင့် ဒီEmpireကြီးဟာ ​နောက်လာမယ့် ရာစုနှစ်အတွင်း ပျက်​ဆီးခြင်းကပ်ဆိုက်​တော့မှာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါတယ်၊ Psychohistroyဆိုတာက လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ အပြုအမူ​တွေက​နေ အနာဂတ်ကို သင်္ချာနည်းနဲ့ကြိုတင်ခန့်မှန်းတဲ့ ပညာရပ်ပါ၊ ကောင်းတဲ့သူတတ်​မြောက်သွားရင် အကျိုးရှိသ​လောက်၊ မ​ကောင်းတဲ့သူ တတ်​မြောက်သွားရင် လူသားမျိုးနွယ်ကြီး ပျက်စီးမယ့်ကိန်းဆိုက်နိုင်တဲ့ ပညာပါ အဲ့ဒီပျက်စီးခြင်းကပ် လူသား​တွေရဲ့အ​မှောင်ခတ် (Dark Age)ဟာ လုံးဝမလွှဲ​ရှောင်နိုင်ပဲ ကျိန်း​သေဖြစ်​ပေါ်လာပြီး နှစ်​ပေါင်း ၃၀၀၀၀အထိ ကြာမြင့်နိုင်တာ​ကြောင့် Hail Seldonတစ်​ယောက် အနှစ် ၁၀၀၀​​လောက်ပဲ ကြာမယ့်နည်းလမ်းကို စဉ်းစားရပါ​တော့တယ်၊ သူ​တွေ့တဲ့အ​ဖြေက​တော့ လက်ရှိ​ခေတ်ရဲ့ဗဟုသုတ​တွေ၊ နည်းပညာ​တွေကို Dark Age ရောက်တဲ့အထိ ထိန်းသိမ်းထားနိုင်တဲ့ Foundationဆိုတဲ့အဖွဲ့ကြီးကိုတည်​ထောင်ဖို့ပါ၊ ဒီနည်းလမ်းနဲ့ပဲ Dark Ageရဲ့သက်တမ်းကို ချုံ့နိုင်မယ်လို့ယုံကြည်ထားတာပါ၊ ဒီလိုနဲ့ပဲ Hail Seldonနဲ့ သူ့ရဲ့ဉာဏ်ကြီးရှင်တပည့်မ​လေး Gaal Dornickတို့ဟာ Empireသ​ဘောမတူတဲ့ကြားက​နေ Foundationကို တည်ထောင်ဖို့ ကြိုးစားကြပါ​တော့တယ် တစ်ဖက်မှာလည်း Empireတို့ရဲ့ထုံးစံအတိုင်း Galaxy ထဲက တစ်နိုင်ငံနဲ့ တစ်နိုင်ငံစစ်ပွဲ​တွေ၊ Psychohistory ပညာရပ်ကို လုယူဖို့ ကြံစည်သူ​တွေ၊ Foundationကို ဖျက်ဆီးမယ့် ရန်စွယ်​တွေ စသဖြင့် ​ခေတ်လွန်သိပ္ပံဇာတ်လမ်း​ကောင်းတစ်ခုကို Apple Tv shows​တွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခိုင်၊ VFX​ကောင်း​ကောင်း၊ Sound quality​ကောင်း​ကောင်းနဲ့ ခမ်းနားကြီးကျယ်စွာ ကြည့်ရှုခံစားရမှာပါ