Movie Name
To The Bone (2017)
Year
2017
Generes
Drama
Code
EN0808
Type
Movie
Size
1 GB
Country
Hollywood
Description
To The Bone (2017) ~ IMDb – 6.8/10, RT – 70%, Meta – 64% ~ လူရယ်လို့ဖြစ်လာရင် အကြောက်တရားနဲ့ ဆင်းရဲဒုက္ခဆိုတာ ယှဥ်တွဲလာစမြဲပါပဲ။ ​တချို့က ဝလာမှာကြောက်တယ်။ တချို့က ​အသက်ရှင်ရတာကိုတောင် ကြောက်လာကြတယ်။ အမျိုးမျိုးသော အကြောက်တရားတွေကြားမှာ ဒီ အယ်လန်ဆိုတဲ့ ကောင်မလေးကတော့ ဝိတ်တက်မှာကို ကြောက်တာပါ… Broken Family ​ဖြစ်သွားတဲ့ အယ်လန်တစ်ယောက် မိထွေးလက်အောက် ဂေးမိခင်တစ်ယောက်လက်အောက်မှာ မိသားစုအရှုပ်အထွေးတွေကြားမှာ သနားစရာ ကြီးပြင်းလာခဲ့ပါတယ်။ အဲ့ကြားထဲကမှ အနုပညာကိုဝါသနာပါတဲ့ အယ်လန်ဟာ ကိုယ့် artwork ကြောင့် လူတစ်ယောက်နစ်နာသွားတာကို သိလိုက်ရတဲ့အချိန်မှာ ပြိုလဲပြီး အစာသိပ်မစားဘဲ အငတ်ခံလို့ စိတ်သက်သာရာ ရှာပါတော့တယ်။ အဲ့လို အယ်လန်ဟာ အကြောက်တရားကနေ ဘယ်လိုရုန်းထွက်မလဲ။ အယ်လန့်ကို ကူညီပေးတဲ့ဆရာဝန် ဒေါက်တာဘက်ခမ်းကရော ဘယ်လိုကုထုံးတွေနဲ့ ​အယ့်လန့်ဘဝကို အဖက်ဆယ်ပေးမလဲ။ အယ်လန့်သူငယ်ချင်းလုခ်ကရော အယ်လန့်ကိုဘယ်လိုပျော်အောင်လုပ်ပြီး အယ်လန့်ဘဝကို ဘယ်လိုအသက်ဝင်လာစေမလဲဆိုတာကို ဒီ ” To The Bone ” ဇာတ်ကားလေးမှာ ရှုစားရမှာပါ။ ဒီကား​လေးက ဝမှာတအားကြောက်နေတဲ့သူတွေ အစာအငတ်ခံလို့ အလွန်အမင်းဝိတ်ချနေတဲ့လူတွေ စိတ်ဆင်းရဲမှုကြောင့် ခံတွင်းမလိုက် ဖြစ်​နေသူတွေအတွက်လည်း ပညာပေးကားဆန်ဆန်​လေးဖြစ်မယ်လို့ ထင်ပါတယ်။ ကိုယ်အလေးချိန်နဲ့ ပတ်သက်တာကို အဓိကရိုက်ပြသွားပေမဲ့ ကိုယ့်ကိုယ်တွင်းက အကြောက်တရားကို တွန်းလှန်ပြီး စိတ်ချမ်းသာရာကို ဘယ်လိုရှာရမယ်ဆိုတာ ပြတဲ့ကားလေးဖြစ်တာမို့ လက်လွှတ်မခံသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်… ခေါင်းဆောင် မင်းသား မင်းသမီး​တွေအဖြစ် Emily in Paris ထဲက မင်းသမီးလေး Lilly Collins နဲ့ မသိသူမရှိလောက်မယ့် မင်းသားကြီး Keanu Reeves တို့ ပါဝင်ထားတာမို့ မကောင်းမှာကိုတော့ စိတ်ပူစရာမလိုမယ့် ကားကောင်းတစ်ကားပါပဲ။