-
Movie Name
-
Hee Soo (2021)
-
Year
-
2021
-
Generes
-
Drama
-
Code
-
KR0137
-
Type
-
Movie
-
Size
-
674 MB
-
Country
-
Korea
-
Description
-
Hee Soo (2021)
ဒီဇာတ်ကားေလးက “ဟီဆူ” ဆိုတဲ့ ကောင်မလေးရဲ့ မိသားစုအကြောင်းပါ
သဘာဝလွန်နည်းပညာတွေကို အခြေခံပြီးရိုက်ကူးထားတာပါ
ဂျူအွန်း (Jeon SoMin) နဲ့ ထယ်ဟွန်း(Park Sung Hoon) တို့ ဇနီးမောင်နှံမှာ
ဟီဆူလို့ ခေါ်တဲ့ ၆ နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ်
သူတို့မိသားစုမှာ ဂူရွန်းဆိုတဲ့ ခွေးလေးတစ်ကောင်ရှိတယ်
အဲ့ခွေးလေး သေသွားတော့ ဝမ်းနည်းနေတဲ့ ဟီဆူလေးကို
VR Program တွေရေးဆွဲဖန်တီးတဲ့ ဂျွန်ဘွန်း ဆိုတဲ့ ထယ်ဟွန်းရဲ့သူငယ်ချင်းက
Virtual Reality (VR) စက်လေးဖန်တီးပေးခဲ့ပါတယ်
အားလုံးသိကြတဲ့အတိုင်း အဲ့လိုနည်းပညာမြင့်စက်နဲ့ ခွေးလေးကို တကယ့်အစစ်လို မြင်ရမှာပါ
သူတို့မိသားစုလေး အဲ့လိုပျော်ပျော်ရွှင်ရွှင်အတူနေလာရာက
တစ်နေ့မှာတော့ ဟီဆူလေး ကားမတော်တဆဖြစ်ပြီး ဆုံးသွားပါတယ်
ဂျူအွန်းက သူ့သမီးလေးကို တွေ့ချင်တော့
ဂျွန်ဘွန်းရဲ့ အကူအညီနဲ့ VR Program စက်တစ်ခုအသုံးပြုပြီး
သူ့သမီးလေးကို တွေ့ဖို့သွားပါတော့တယ်
“ဘယ်နေရာဖြစ်ဖြစ် လာခဲ့မယ် ထပ်ပြီးသာတွေ့နိုင်မယ်ဆိုရင်”
ဂျူအွန်း သူ့သမီးလေးကိုတွေ့ဖို့ ဘယ်လိုသွားမလဲ…
ဟီဆူလေး မသေခင်မှာ သိသွားတဲ့ သူ့မိဘတွေရဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ…
ဒီကားလေးက “ကိုယ်ချစ်တဲ့သူတွေကို မသေခင်ဂရုစိုက်ပြီး များများချစ်ပေးပါ” ဆိုတာနဲ့
တကယ်လို့ သေဆုံးသွားရင်လည်း အရမ်းစွဲလမ်းမနေဘဲ
စိတ်ကိုလွှတ်ချပေးလိုက်ဖို့ မက်ဆေ့ခ်ျလေးလည်းပေးထားပါတယ်
ထူးခြားတဲ့ ခေတ်သစ်နည်းပညာတွေနဲ့ နာမည်ကြီးမင်းသားမင်းသမီးတွေ ရိုက်ကူးထားတဲ့
ဒီကားလေးကို Channel Myanmar မှာကြည့်ရှုလို့ရနေပါပြီ
အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing Khin ပဲ ဖြစ်ပါတယ်။