Movie Name
Spiritwalker (2021)
Year
2021
Generes
Action
Code
KR0138
Type
Movie
Size
899 MB
Country
Korea
Description
Spiritwalker (2021) ကားတိုက်မှုဖြစ်ပြီး နိုးလာတဲ့အခါမှာ ဂန်အီရန် (Yoon Kye Sang) က သူ့ကိုယ်သူ မမှတ်မိတော့ဘဲ သေနတ်ဒဏ်ရာနဲ့ ဖြစ်နေပါတယ် အဲ့လိုနဲ့ သူသိလာရတာက သူ့ရဲ့ခန္ဓာကိုယ်က ၁၂ နာရီ ခြားတစ်ခါ ပြောင်းပြောင်းသွားတာပါပဲ အရင်ကကားတွေလိုမျိုး စိတ်နှစ်ခွတို့၊ ဝိညာဉ်က သေလို့ဝင်‌ကူးတာမျိုးမဟုတ်ပါဘူး အမှုတစ်ခုနဲ့ ဆက်စပ်မှုရှိနေတဲ့သူတွေရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရောက်သွားတာပါ အဲ့လိုမျိုး သူ့ရဲ့ တကယ့် Identity က ဘာမှန်းမသိတော့ပါဘူး အဲ့လိုနဲ့ သူရောက်သွားတဲ့ ခန္ဓာကိုယ်တစ်ခုမှာ မှောင်ခိုရောင်းဝယ်မှုတစ်ခုနဲ့ကြုံလာရတယ် အဲ့အမှုကြားထဲ ဘာမှမသိဘဲရောက်နေရင်း မွန်းဂျင်အာ(Lim Ji Yeon) နဲ့ တွေ့ပါတော့တယ် သူ့စိတ်ထဲမှာ အဲ့မိန်းကလေးကို သိသလိုဖြစ်နေပေမယ့် အဲ့မိန်းကလေးကတော့ သူ့ရဲ့ပြောင်းလဲနေတဲ့ခန္ဓာကိုယ်ကြောင့် မမှတ်မိပါဘူး ဂန်အီရန်က သူ့ရဲ့အဖြစ်အပျက်တွေကို သူနိုးလာတော့ အနားမှာတွေ့တဲ့ အိမ်ခြေရာမဲ့ လူကြီးတစ်ယောက်ကိုပဲပြောပြပါတယ် အဲ့လူကြီးနဲ့ နှစ်ယောက်သား သူဘာဖြစ်နေလဲဆိုတာ ဖော်ထုတ်သွားမှာကို စိတ်ဝင်တစားကြည့်ရမှာပါ ကျွန်မတို့ ပရိတ်သတ်တွေကတော့ မင်းသားကို ဂန်အီရန်မှန်းသိထားပေမယ့် မင်းသားကတော့ သူ့ကိုယ်သူမသိဘဲ လိုက်ရှာနေမှာဆိုတော့ “Spirit Walker” ဆိုတဲ့ စိတ်ကူးယဉ်အက်ရှင်ကားလေးကို ရင်တလှပ်လှပ်နဲ့ကြည့်ရမှာပါ နာမည်ကြီးမင်းသားကြီး Yoon Kye Sang ကိုယ်တိုင်ရိုက်ကူးထားတဲ့ ထူးထူးခြားခြား ဇာတ်လမ်းလေးကို အခုပဲ မြန်မာစာတန်းထိုးနဲ့ Channel Myanmar မှာ ကြည့်လို့ရ‌နေပါပြီ