Movie Name
The Guardian (Thien Than Ho Menh) (2021)
Year
2021
Generes
Drama, Horror
Code
OT0010
Type
Movie
Size
689 MB
Country
Others
Description
The Guardian (2021) ဒီတစ်ခေါက်ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ကားလေးကတော့ သရဲကားတစ်ကားပါ ကူမန်ထောင်အရုပ်ဆိုတာ ကြည့်ရှုသူတိုရောကြားဖူးကြလား ဒီကားမှာဆိုရင်တော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဒီကူမန်ထောင်အရုပ်ကို ကလေးဝိဉာဉ်ထည့် အသက်သွင်းပြီး လိုရာဆုတောင်းရင်ပြည့်တယ်လိုယုံကြည်ကြပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ဖွန်လိုခေါ်တဲ့ နာမည်ကျော်အဆိုတော်တစ်ယောက်က ညစ်ညမ်းဗီဒီယိုထွက်လာပြီးတဲ့နောက်မှာ သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ် ဒါပေမယ့် သူမသေဆုံးတဲ့နေရာနားမှာပဲ ကူမန်ထောင်အရုပ်ကိုတွေ့ခဲ့ရပါတယ် သူမသေဆုံးခြင်းကဒီအရုပ်နဲ့တစ်နည်းနည်းများပတ်သက်နေမလား… လီကိုကိုးကတော့ ဖွန့်ရဲ့နောက်ခံသီဆိုသူတစ်ယောက်ပါ အသံကောင်းပေမယ့် ကံကြမ္မာကမျက်နှာသာမပေးတော့နာမည်မရခဲ့ပါဘူး တစ်နေ့မှာတော့ မိန်းမတစ်ယောက်နဲ့တွေ့ဆုံကာ ဖွန်မသေခင်ကလက်ဆောင်ပေးခဲ့တဲ့သူ့ရဲ့ကူမန်ထောင်အရုပ်ကို အသက်သွင်းလိုက်ပြီးတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်သွားမလဲ ဆုတောင်းပြည့်ပြီးသူတိုင်းကံဆိုးခြင်းတွေရောက်လာတဲ့ဒီ အရုပ်ကြောင့် လီတစ်ယောက် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ‌စိတ်ဝင်တစား ကြည့်ရှုနိုင်ရန်ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် ဤဇာတ်ကားရဲ့အညွှန်းကိုတော့ Yunniမှရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunniနဲ့Honeyey တိုပဲဖြစ်ပါတယ်