Movie Name
The Silent Sea (2021)
Year
2021
Generes
Fantasy, Sci-Fi, Thriller
Code
SKR0552
Type
Series
Size
2.24 GB
Country
Korea
Description
မှင်စာဦးဦးနဲ့အတူ လကမ္ဘာကိုသွားဖို့စောင့်နေကြတဲ့ CM ပရိသတ်ကြီးအတွက် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ The Silent Sea ဆိုတဲ့ ဇာတ်ကားလေးကတော့ ထွက်ရှိလို့လာပါပြီ။ ကမ္ဘာမြေပေါ်မှ ာ တဖြည်းဖြည်းကုန်ဆုံးသွားတော့မယ့် သဘာဝရင်းမြစ်တွေရဲ့ပြဿနာကို အဖြေရှာဖို့အတွက် ကပ္ပတိန် Han Yoon-jae ဦးဆောင်တဲ့အဖွဲ့ဟာ လကမ္ဘာပေါ် မှာရှိတဲ့ သုတေသနစခန်းတစ်ခုမှာ ဇီဝပစ္စည်းတစ်ခုကို သွားယူဖို့ တာဝန်ပေးအပ်ခြင်းခံလိုက်ရပါတယ်။ လကမ္ဘာပေါ် စွန့်စွန့်စားစားသွားခဲ့ပြီးနောက် သုတေသနစခန်းအဟောင်းကြီးထဲမှာ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ နဲ့ ထိတ်လန့်စရာကိစ္စတွေကို တွေ့ကြုံလိုက်ရတဲ့အခါ ဒီကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အဖြေရှာဖို့ကြိုးစားကြမလား ? သူတို့မစ်ရှင်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်သွားမလား ? အန္တရာယ်တွေကြား သူတို့အဖွဲ့ဝင်တွေရော ဘေးကင်းနိုင်ကြမလား ? ဆိုတာကိုတော့ ဒီကားလေးထဲမှာ ရင်တဖိုဖိုနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ လကမ္ဘာကိုသွားမယ့် အာကာသယာဥ်မှူးတွေအဖြစ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Gong Yoo ၊ Bae Doona ၊ Lee Joon ၊ Heo Sung Tae ၊ Lee Moo Saeng နဲ့ Kim Sun Young တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့အပြင် ဇာတ်လမ်းအပြင်အဆင်အတွက် အသေးစိတ်ဖန်တီးထားပြီး ကမ္ဘာကျော်လက်ရာဖြစ်လာဦးမလားလို့ ထင်ကြေးပေးနေကြတဲ့ Netflix စီးရီးကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။