-
Movie Name
-
Wong Wien Hua Jai (နှလုံးသားရဲ့လှည့်စားမှု)
-
Year
-
2009
-
Generes
-
Drama, Romance
-
Code
-
ST0441
-
Type
-
Series
-
Size
-
10.1 GB
-
Country
-
Thai
-
Description
-
ထွတ်ဟာ စပျစ်ခြံပိုင်ရှင် သူဌေးတစ်ယောက်ဖြစ်ပြီး နီကတော့ နှလုံးရောဂါသည် ထွတ်ရဲ့ညီမလေးပေါ့.....
ဘိုနဲ့ ဖုန်ကတော့ အရမ်းချစ်ကြတဲ့စုံတွဲတွေဖြစ်ကြပါတယ်။ ဒါပေမယ့် နီက ဖုန်နဲ့ကိုယ်၀န်လွယ်ထားရတယ်ဆိုပြီးအကွက်ဆင်ခဲ့တာကြောင့် ဖုန်တစ်ယောက် နီ့ကို လက်ထပ်တာ၀န်ယူခဲ့ရပါတယ်.....
အသည်းကွဲတဲ့ ဘိုတစ်ယောက် တစ်ညမှာ ဘားထိုင်ရင်း လူဆိုးတစ်ယောက်က ဘိုကိုဆေးခတ် မုဒိန်းကျင့်ဖို့ ကြံစည်ခဲ့ပါတယ်.....
သို့ပေမယ့် ထွတ်က အချိန်မီကယ်ပေးနိုင်ပြီး ဟော်တယ်ကိုခေါ်သွားပေးခဲ့တယ်.....
မနက်ရောက်တော့ ဘိုနိုးလာတဲ့ချိန်မှာ ထွတ်ကို အဲ့လူဆိုး မုဒိန်းကောင်လို့ ထင်သွားခဲ့ပါတယ်.....
ထွတ်ကလည်း ဖုန်နဲ့ ဘိုတို့က တစ်ချိန်ကရည်းစားဟောင်းတွေမှန်း သိတော့.....
ညီမဖြစ်သူ နာကျင်ရမှာစိုးလို့ ဘိုအထင်လွဲတဲ့အချက်ကို အသုံးချခဲ့ပြီး.....
ဘိုကို အတင်းလက်ထပ်ယူ စပျစ်ခြံကိုခေါ်လာနေခဲ့ပါတယ်....
ကိုယ်ချစ်တဲ့သူကတစ်ခြားမိန်းကလေးနဲ့လက်ထပ်သွားတဲ့ချိန်မှာ....
ကိုယ်တိုင်ကမုဒိန်းကောင်လို့ထင်ပြီး ရွံရွာမုန်းတီးနေတဲ့သူနဲ့ စပျစ်ခြံမှာလာနေရတော့.....
ဘိုတစ်ယောက် ဘယ်လောက်ထိနာကျင်ကြေကွဲနေလိမ့်မလဲ.....
ထွတ်နဲ့ ဘိုတို့ နှစ်ယောက်အတူတူနေရင်း ဘယ်လိုတွေကိုက်ကြပြီး ဘယ်သူက ဘယ်သူ့ကိုအရင်စချစ်မိမလဲ....
ထွတ် အတင်းလက်ထပ်ယူတဲ့အကြောင်းရင်းကို ဘိုသိရင်ရော ဘယ်လိုတွေဆက်ဖြစ်မလဲ....
သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကရော အဆင်ပြေပါ့မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ကားလေးတစ်ကားမို့လို့ လက်မလွှတ်သင့်ပါဘူးနော်🙈