-
Movie Name
-
Party A Who Lives Beside Me (အိမ်နီးချင်းလေးကိုယ့်ဘော့စ်) (2021)
-
Year
-
2021
-
Generes
-
Comedy, Drama, Romance
-
Code
-
SC0421
-
Type
-
Series
-
Size
-
7.2 GB
-
Country
-
China
-
Description
-
အကောင်းဆုံးသူငယ်ချင်းက အနီးနားမှာ
ကိုယ့်ရဲ့အချစ်ရဆုံးသူကတော့ ဘေးအိမ်မှာတဲ့
Soulရဲ့ အချစ်တော်ပရိသတ်ကြီးများ အတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့"အိမ်နီးချင်းလေး ကိုယ့်ဘော့စ်" ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်
လီကျဲနန်အဖြစ် 𝐗𝐢𝐞 𝐁𝐢𝐧𝐠 𝐁𝐢𝐧𝐠(The Chang'An Youth)
ယဲ့ရွှမ် အဖြစ် 𝐖𝐚𝐧𝐠 𝐙𝐢 𝐗𝐮𝐚𝐧(Gank Your Heart)
ဇာတ်ညွှန်းလေးကတော့
ဘဝရည်မှန်းချက်တွေအပြည့်နဲ့ ကြော်ငြာကုမ္ပဏီလေးတစ်ခုဖြစ်တဲ့ ၈၈အိုက်တဲမှာ အလုပ်သင်ဒီဇိုင်နာအဖြစ်ဝင်ခဲ့တဲ့ ယဲ့ရွှမ် အလုပ်မှာအဆင်မပြေရတဲ့ကြားထဲ ဘေးအိမ်က အိမ်နီးချင်း လီကျဲနန်နဲ့ ပထမဆုံးတွေ့ဆုံခြင်းမှာတင် မကြည်မဖြူဖြစ်ခဲ့ကြတယ်
၈၈အိုက်တဲကုမ္ပဏီက အောင့်ခဲလုပ်ငန်းစု ကုမ္ပဏီကြီးရဲ့ အလုပ်ကြော်ငြာကိုလက်ခံလိုက်တဲ့အခါ ယဲ့ရွှမ်က လက်စွမ်းပြဖို့အခွင့်အရေးရလာပြီလို့ထင်ခဲ့ပေမဲ့ အောင့်ခဲလုပ်ငန်းစုဘက်ကနေ မကျေနပ်ချက်တွေပဲကြားကြားနေရလေတယ် မျက်မုန်းကျိုး အိမ်နီးချင်းနှစ်ယောက်က မြင်ပါများတော့ ချစ်ကျွမ်းဝင်ဆိုတဲ့အတိုင်း တဖြည်းဖြည်း သံယောဇဉ်တွယ်လာကြတယ် 💗
မထင်မှတ်ထားတာကတော့ ကိုယ့်ကိုအသုံးမကျဘူးလို့ပြောပြောနေတဲ့ အောင့်ခဲလုပ်ငန်းစုတာဝန်ခံက လီကျဲနန်ဖြစ်နေတာကိုသိလာရတဲ့အခါ အလုပ်သဘောအရရော အိမ်နီးချင်းတွေအနေနဲ့ရော ဆက်ဆံရတဲ့သူတို့က အချစ်ခရီးလမ်းကို ဘယ်လိုလျှောက်လှမ်းကြမလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါ နော်