Movie Name
Baran (2001)
Year
2001
Generes
Drama, Romance
Code
EN0811
Type
Movie
Size
832 MB
Country
Hollywood
Description
IMDb Rating (7.8) / Rotten Tomatoes (89%) အချစ်အကြောင်း ခံစားသီကုံးထားတဲ့ ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ဒီဇာတ်ကားလေးက ထိပ်ဆုံးကပါလာတတ်ပါတယ်။ ခရမ်းချဉ်သီးလေးတွေဆိုတဲ့ စာရေးဆရာ ပါပီယွန်ရဲ့ အက်ဆေးလေးကို ဖတ်ဖူးကြမယ်ဆိုရင် ဒီဇာတ်လမ်းလေးကို ရေးဖွဲ့ထားကြောင်း သိကြမှာပါပဲ။ စစ်ပွဲတွေကြောင့် အရာရာ ကျဆုံးနေပြီး ပျော်ရွှင်မှုတွေဆိတ်သုန်းနေတဲ့အချိန်ကာလနဲ့နေရာဒေသမှာ အီရန်ကောင်လေးတစ်ယောက်က အာဖဂန်မလေးကို ကြွေကျမိသွားတဲ့အကြောင်းလေးပေါ့… အချစ်ဆိုတာ ဘာကြောင့်ဖြစ်ပေါ်လာတယ် အချစ်နဲ့တွေ့ရင် ဘာတွေဖြစ်ကုန်ကြတယ် ဆိုတာ လူတွေကြားမှာ ထူးဆန်းနေကြတုန်းပါပဲ။ မိန်းမတစ်ယောက်ရဲ့ ရှိုက်ဖိုကြီးငယ်တွေကို တပ်မက်မိယုံနဲ့ အချစ်လို့ခေါ်သလား… ဒါမှမဟုတ် ဒီထဲက ဇာတ်လိုက်ကျော်ကြီးလို မှန်ထဲမှာမြင်လိုက်ရတဲ့ ခေါင်းဖီးသင်ပုံလေးတွေ မျက်လုံးလေးတွေ အကြည့်လေးတွေကိုပဲ စွဲလမ်းမိတာ အချစ်လား..တပ်မက်ခြင်းမပါ ပိုင်ဆိုင်လိုခြင်း တစ်စိုးတစ်စိမျှ မရှိဘဲ ပေးဆပ်လို့ရသမျှ အကုန်ပေးဆပ်တာကို အချစ်လို့ခေါ်ရမလား… အချစ်ဟာ တကယ်တော့ ရိုးရှင်းပါတယ်…ဖြတ်လို့မရ သတ်လို့မရ… ကိုယ့်ချစ်သူပျော်ရွှင်နေခြင်းက ကိုယ်တိုင်ပျော်ရွှင်ခြင်းမျိုးပါပဲ…..ဆိုတဲ့အနှစ်သာရတွေနဲ့ ဒီအညတရဇာတ်လမ်းလေးတစ်ပုဒ်က ကမ္ဘာကျော် အချစ်ဇာတ်လမ်းတွေလို အချစ်စစ်အကြောင်းကို သက်သေထူနေဦးမှာပါ။ ဒီဇာတ်ကားလေးကြည့်ပြီး ကဗျာတစ်ပုဒ်ကို သတိရမိပါတယ်.. “တစ်ကောင်ကို တစ်ချက်ပိုင်းရင် တစ်ပိုင်းစီမှာ တစ်ကောင်ဖြစ်တဲ့ ကပ်ပါးတစ်မျိုးရဲ့ ဝိဉာဉ်ကြိုးနဲ့ ငါက ငြိတွယ်ခဲ့တာမျိုး”…