Movie Name
Truth Or Dare (လွဲမှားနေတဲ့ရွှေဖူးစာ) (2021)
Year
2021
Generes
Comedy, Historical, Romance
Code
SC0425
Type
Series
Size
11.7 GB
Country
China
Description
1-30 complete ကြည့်ချင်တဲ့သူတွေအတွက် မင်းသားချောHuangJunjie (ကျယ်ရှိုက်)နဲ့ ချစ်သဲLiGengxiရဲ့ကားလေးလာပါပြီနော်။ ဒီတစ်ခေါက်မှာကတော့ Baby ကအဓိကတာ၀န်ယူတင်ဆက်ပေးသွားမယ့် Historical, Comedy, Romance အမျိုးအစားဖြစ်တဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးသွားမှာပါ❤️ ရှောင်၀မ်ကျစ်ဟာ သူ့အဖေနဲ့ အတူ ရင်ဘတ်ပေါ်ကျောက်တုံးတင်ခွဲပြပြီး လမ်းမပေါ်မှာဖျော်ဖြေရင်းစီးပွားရှာနေသူပါ❤️ တစ်နေ့မှာတော့မမျှော်လင့်ပဲ စာမရေးတတ်မဖတတ်နဲ့သူဟာ မင်းသမီးတစ်ပါးအဖြစ်ဟန်ဆောင်ရဖိုအကြောင်းဖန်ပါတော့တယ်😲 မိန်စန်းရှောက်ကတော့ မင်းသမီးကိုလက်မထပ်ချင်တာကြောင့် မင်းသမီးလိုသူထင်နေတဲ့ရှောင်၀မ်ကျစ်ကိုငြင်းပယ်နေသူပါ သူကရှောင်၀မ်ကျစ်ကို သူ့ဘာသာလက်လျော့သွားစေချင်သူပါ☹️ ဒါပေမဲ့လဲ သူလက်ထပ်ဖိုဧက္ကရာဇ်ကစီစဥ်ပေးသူက မင်းသားကိုးရဲ့သမီးတော် လုရင်ယောင်ပဲဖြစ်ပါတယ်👸 ကံကြမ္မာအလွဲတွေကဖန်လာတော့ လုရင်ယောက်ကိုဓားပြတစ်ယောက်ဖြစ်တဲ့ ရှောင်ပေါင်ရယ်က ဇနီးမယားအဖြစ်လက်ထပ်မိပါတော့တယ်🧔 ကဲ ဒီလိုအလွဲတွေနဲ့စတင်တဲ့စုံတွဲနှစ်တွဲက ဘယ်လိုအလွဲလေးတွေနဲ့ထပ်ကြုံကြဦးမလဲ👫👫 ဘယ်လိုအခက်အခဲတွေနဲ့ရောကြုံကြဦးမလဲ👫 သူတိုအချင်းချင်းချစ်မိသွားကြမှာလားဆိုတာကိုတော့ "လွဲမှားနေတဲ့ ရွှေဖူးစာ"ဆိုတဲ့ကားလေးမှာစောင့်မျှော်ပေးကြပါဦးနော် ရှောင်၀မ်ကျစ်အဖြစ် Teresa Liကပါ၀င်ထားပြီး မိန်စန်းရှောက်အဖြစ် Soul ကတင်ဆက်ပေးခဲ့ဖူးတဲ့ Dr. Cutieထဲက ကျိဟန်, Eternal Love of Dreamထဲက ပိုင်ကျန်း,Reunion:The Sound of Providenceထဲက ကျန်းချီလင်းအဖြစ်ပါ၀င်ဖူးတဲ့ Huang Jun Jieက ပါ၀င်ထားပါတယ်❤️ Huang Geကအခုလက်ရှိမှာ အနုပညာလောကက ခဏအနားယူထားသူမို Fanလေးတွေကလဲ သူ့ကားကိုမျှော်နေကြမယ်လိုထင်ပါတယ်🥺❤️ ကဲ Baby တာ၀န်ယူတင်ဆက်မယ့် ဒီလို Comedy,Romance အမျိုးအစားကားကောင်းလေးကို ဆက်ဆက်ကြည့်ဖိုမမေ့နဲ့နော်