Movie Name
Minnal Murali (2021)
Year
2021
Generes
Action, Adventure
Code
IND0248
Type
Movie
Size
1.28 GB
Country
Bollywood
Description
Minnal Murali (2021) Superhero movie genreမှာ Marvelနဲ့ DCပဲ လွှမ်းမိုး​နေတဲ့​နောက် ဒီတစ်ခါ​မှာ​တော့ Netflix က အသစ်ထွက်တဲ့ India superhero movieတစ်ကားကို အရသာတစ်မျိုး အ​ပြောင်းအလဲဖြစ်သွား​အောင် တင်ဆက်​ပေးလိုက်ပါတယ်၊ Kurukhanmoola ရွာသား Jaison ဟာ ငယ်စဉ်ကတည်းက မိတဆိုး​ဖြစ်ခဲ့ပြီး ဖခင်အ​ပေါ်အရမ်းခင်တွယ်ခဲ့ရသူပါ၊ ဒါ​ပေမဲ့ ဖခင်ဖြစ်သူ ပြဇာတ်မင်းသားဟာ မ​တော်တဆမှုတစ်ခု​ကြောင့် ​သေဆုံးသွားတဲ့​​နောက် ကံဆိုးသူ​မောင်ရှင်​လေး Jaisonအ​နေနဲ့ အရွယ်​ရောက်တဲ့အထိ ကံဆိုးမှု​တွေက အဆုံးမသတ်ခဲ့သူပါ၊ အ​မေရိကန်သွားပြီး ချမ်းသာ​​အောင်လုပ်ချင်တဲ့ အိပ်မက်ကလည်း မ​အောင်မြင်သလို ချစ်ရတဲ့သူကလည်း ​စေ့စပ်ထားပြီးသားသူ ဖြစ်​နေမှန်း မ​တော်လိုက်ရတဲ့ ​ယောက္ခမ​က​ပြောမှ သိရတဲ့သူပါ၊ ​မောင်ရှင်​​တောင် Jaison​လောက်ကံမဆိုးနိုင်ဘူးလို့ ဆိုရ​အောင်ပဲ ဇာတ်လိုက်​ကျော်ကြီးခမျာ မိုးကြိုးပါ ထပ်အပစ်ခံရပါ​​သေးတယ်၊ ဒါ​ပေမဲ့ သန်း​ခေါင်ထက် ညမနက်​တော့သလို သူရဲ့ကံဆိုးမှု​တွေက ​​ကြေသွားပုံရပါတယ်၊ သူ့ကိုထိမှန်တဲ့မိုးကြိုးက သာမန်မဟုတ်ဘဲ ဂြိုလ်၃လုံးတန်းပြီး ဖြစ်လာတဲ့မိုးကြိုးဖြစ်​နေလို့ သာမန်လူ​တွေမှာ မရှိတဲ့ Superhuman အစွမ်း​တွေကို Jaison ပိုင်ဆိုင်ခဲ့ပါတယ်၊ ဒါ​​ပေမဲ့ မိုးကြိုးထိမှန်ခဲ့သူက သူတစ်​ယောက်တည်းမဟုတ်ဘဲ ထပ်ရှိ​နေ​သေးသလို အဲဒီလူက ရထားတဲ့အစွမ်း​တွေကို မ​ကောင်းတဲ့ အဖျက်လုပ်ငန်း​တွေမှာ သုံးလာတဲ့အခါ Jaisonအ​နေနဲ့ သူ့ဖခင် ကခဲ့တဲ့ ပြဇာတ်ထဲက Minnal Murali (Lightning Murali) ဆိုတဲ့ ဇာတ်​ကောင်အမည်ကို ခံယူပြီး သူ့ရဲ့အစွမ်း​တွေနဲ့ ရပ်ရွာကို ကာကွယ်ဖို့ ကြိုးစားပုံ​တွေကို အချစ်၊ အလွမ်း၊ ဟာသ၊ အက်ရှင်ရသစုံခံစားရင်း ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်၊ အ​နောက်တိုင်း Superhero​ဇာတ်ကား​တွေနဲ့ မတူတဲ့ ​အ​​ရှေ့တိုင်းSuperheroအသစ်​လေးကို တမျိုးမြည်းစမ်းကြည့်ပါဦး