Movie Name
Hi Mon (2021)
Year
2021
Generes
Drama
Code
CN0205
Type
Movie
Size
1.91 GB
Country
China
Description
IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ ဒီကားလေးကတော့ ဟာသကားလေးပေါ့ သို့ပေမယ့် ခံစားတတ်တဲ့နှလုံးသားရှိရင် မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါ ဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်. ဘာလို့လဲဆိုတော့ ဒီကားလေးက ဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကို မှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ… ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး… အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့ နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါ ထည့်ပြီး ရိုက်ကူးခဲ့တာပါ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်… ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့ အမေ့မှာအရှက်ကွဲရ စာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူ ဆရာမဆူတာခံရတဲ့အမေ သူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြား သားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေ ဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်း မတော်တဆဖြစ်တာတောင်အမေက ဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန် ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကို ထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်… ဆေးရုံမှာလူနာစောင့်ရင်း တီဗီက ကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ် အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်… အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကို ပိုကောင်းအောင် ကြိုးစားပေး…. အမေ့ပျော်အောင် ကြိုးစားပေးရင်း… နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင် အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီး တခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်… အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလား ကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီး သူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာ ဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ