Movie Name
The Great Escape (2018) (TV SHOW)
Year
2018
Generes
Documentary
Code
SKR0554
Type
Series
Size
14.9 GB
Country
Korea
Description
The Great Escape (Season4) လူသားတွေဟာ ရှင်သန်နိုင်ဖို့ ကြိုးစားကြတဲ့နေရာမှာ ခွန်အား ဉာဏ်အား အကုန်လုံးကို အသုံးပြုတတ်တဲ့ မျိုးနွယ်စုပဲဖြစ်ပါတယ်။ Survival Show တွေထဲမှာမှ အောင်မြင်ကျော်ကြားပြီး စိတ်လှုပ်ရှားဖို့အရမ်းကောင်းတဲ့ The Great Escape ရဲ့ Season 4 ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရှိုးထဲမှာတော့ ပါ၀င်သူခြောက်ယောက်က မတူညီတဲ့ နေရာမျိုးစုံကိုသွားပြီးတော့ ရှင်သန်နိုင်‌အောင်ကြိုးစားပြီး လွတ်မြောက်အောင်ထွက်ပြေးရမှာပဲ ဖြစ်ပါတယ်။ မတူညီတဲ့နေရာတွေက ဘယ်လိုမျိုးတွေလဲဆိုတော့ ခြောက်ခြားစရာဆေးရုံပျက်၊ လူသူကင်းမဲ့တဲ့ စက်မှုဇုန်ဟောင်းကြီး၊ သွေးပျက်စရာ ထောင် စသဖြင့် အလန်းစားနေရာတွေအပြင် Event တွေအနေနဲ့ ဖုတ်ကောင်ပျက်ကပ်၊ အကြမ်းဖက်အဖွဲ့အစည်းအန္တရာယ်၊ Robot များအပြင် စုန်း၊ တစ္ဆေ၊ သရဲများနဲ့နှင့် ရင်ဆိုင်ကျော်လွှားရတဲ့ event တွေပါ ပါ၀င်သွားမှာမို့ Season 4 ကတော့ လုံး၀အလန်းစား Show တစ်ခုပဲ ဖြစ်ပါတယ်။ အဖွဲ့၀င်များကတော့ Super Junior အဖွဲ့၀င် Shindong, Variety show တွေရဲ့ သမ္ဘာရင့် ဝါရင့် Kang Ho Dong, ဟာသနဲ့ အူကြောင်ကြောင်နိုင်မှုမှာ နာမည်ကြီးတဲ့ Kim Jong Min, Block B အဖွဲ့ထဲက P.O, ကိုရီးယားရဲ့ ကိုယ်ခံပညာရှင် Kim Dong Hyun နဲ့ ဇာတ်ညွန်းနှင့် ဒါရိုက်တာ Yoo Byung Jae တို့မှ အဓိကပါ၀င်တင်ဆက်သွားမှာဖြစ်ပါတယ်။ Production အနေနဲ့လည်း အရမ်းကို အကုန်အကျခံရိုက်ကူးထားပြီး ဇာတ်ညွန်းနဲ့ မစ်ရှင်တွေကလည်း ကာယရော ဉာဏကိုပါ အသုံးချပြီး ရှင်သန်နိုင်အောင် အစွမ်းကုန်ကြိုးစားသွားရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၃ ပိုင်း ပါ၀င်မှာဖြစ်ပြီး Channel Myanmar မှ အစအဆုံးတင်ဆက်ပေးသွားမှာဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။