Movie Name
In Hell (2003)
Year
2003
Generes
Action, Thriller
Code
EN0820
Type
Movie
Size
917 MB
Country
Hollywood
Description
ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ထောင်ဇာတ်လမ်းကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့အပြင် တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသားကြီး Van Damme ရဲ့ ဇာတ်ကားဖြစ်တဲ့ In Hell ဆိုတဲ့ ဇာတ်ကားပါ ။ In Hell ဆိုတဲ့အတိုင်း ထောင်တွင်း လာဘ်စားမှု့တွေ ၊ ထောင်တွင်း လူမိုက်ဂိုဏ်းတွေရဲ့ အချင်းချင်းလုပ်ကြံသတ်ဖြတ်မှု့တွေ အပြင် ထောင်ဆိုတာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာကိုပါ သေချာရိုက်ပြထားတာပါ ။ ဇာတ်လမ်းကတော့… မင်းသားကြီး Van Damme က လူရိုးလူအေး စက်ရုံအလုပ်သမားတစ်ယောက်ပါ အလုပ်မအားလို့ မိန်းမဆီကို တစ်လတစ်ခါမှ ပြန်လာဖြစ်ပြီး တစ်နေ့မှာတော့ သူပြန်ရောက်ရောက်ချင်း သူ့မိန်းမ အသတ်ခံထားရတာကို တွေ့လိုက်ရပါတယ် လူသတ်သမားကိုဖမ်းမိပေမယ့် ငွေများတရားနိုင်ဆိုတဲ့အတိုင်း ကွင်းလုံးကျွတ်လွတ်သွားကို ဒေါသထွက် စိတ်မထိန်းနိုင်ဘဲ တရားရုံးထဲမှာတင် တရားခံကို ရဲဆီကသေနတ်ယူပြီး ပစ်သတ်လိုက်တာကြောင့် Van Damme က ထောင်တစ်သက်တစ်ကျွန်းကျ သွားတာကနေ ဇာတ်လမ်းအစပြုထားပါတယ် ။ သူရောက်တဲ့ထောင်က ထောင်တစ်ကာ့ထောင်တွေထဲ အဆိုးရွားဆုံးထောင်ပါ ထောင်တွင်း သတ်ကွင်းတွေ ၊ ယောက်ျားချင်း ပြုကျင့်တာတွေ အပြင် အားနည်းတဲ့သူကို ဖိနှိပ် နှိပ်ဆက် သတ်ဖြတ်တာတွေနဲ့ ပြည့်နှက်နေတဲ့ထောင်ပေါ့ သူ့လို လူရိုးလူအေးလူပျော့ တစ်ယောက်ကို ဘယ်လို အရာတွေက စိတ်ဓာတ် မာကြောလာစေမလဲဆိုတာကို အလန်းစားကြည့်ရှု့ရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါလို့ ပြောချင်ပါတယ် ။