-
Movie Name
-
Emily In Paris (S1,S2) (2020-2021)
-
Year
-
2020
-
Generes
-
Comedy, Drama
-
Code
-
SE0086
-
Type
-
Series
-
Size
-
6.04 GB
-
Country
-
Hollywood
-
Description
-
ကဲ...အမ်မလီ နဲ့ ပြင်သစ်ကို အလည်သွားရအောင်ဗျာ။
အမ်မလီဆိုတာကတော့ ပြင်သစ်စကားမပြောတတ်တဲ့
အမေရိကန်နိုင်ငံသူ တစ်ယောက်ပါ။
သူ ဘာလို့ ပြင်သစ်ကို ရောက်သွားရတာလဲဆိုတော့
သူ့ သူဌေးမက ရုတ်တရက် ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ
ပြင်သစ်ရုံးခွဲကို မသွားနိုင်တဲ့အတွက် အမ်မလီကို
စေလွှတ်ဖို့ ဖြစ်လာပါတော့တယ်။
ဒီတော့ အမ်မလီတစ်ယောက် ပြင်သစ်မှာ ကြုံရမယ့်
အလွဲလွဲ အချော်ချော်လေးတွေကို တသောသောနဲ့ ရယ်မောရင်း
ပြင်သစ် နဲ့ အမေရိကုန်ရဲ့ ကွာခြားတဲ့ လူနေမှုဘဝတွေကို မြင်ရပါမယ်။
ပြင်သစ်ရဲ့လှပတဲ့ရှုခင်းတွေနဲ့ အတူ အချစ်၊ လိင်ကိစ္စ၊
စီးပွားရေး၊ လူမှုရေး ဒါတွေကိုပါ လေ့လာခွင့်ရမှာပဲ ဖြစ်ပါတယ်။
မင်းသမီးရဲ့ဖက်ရှင်တွေကလည်း
မိန်းကလေးတိုင်း သဘောတွေ့စရာ ဖြစ်မှာပါ။
အပိုင်းအနေနဲ့ကတော့ ၁၀ ပိုင်း ရှိပါတယ်။
အတွဲ – ၁ အနေနဲ့ ထွက်လာတာ ဖြစ်တဲ့အတွက်
IMDb – 7.4/10 ရထားပြီး လတ်တလောမှာ
လူကြိုက်များနေတဲ့ နာမည်ကြီး စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။
Season 2
Emily In Paris Season 2 (2021)
အားလုံးမျှော်လင့်စောင့်စားခဲ့တဲ့ Emily in Paris S2 ကတော့
ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ S1 တုန်းက မတင်မကျနဲ့ ကြည့်ရှုသူ
ပရိသတ်ကြီးကို ထားသွားခဲ့တဲ့ Emily ဟာ S2 မှာတော့ ပိုမိုက်တဲ့
ဖက်ရှင်အလန်းစားတွေနဲ့ တဖန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အားလုံးလည်း သိထားပြီးသား ဇာတ်လမ်းဖြစ်တာကြောင့်
Spoil မဖြစ်အောင် အညွှန်းကို အကျဉ်းချုံးပဲ ဖော်ပြလိုက်ပါတယ်။
ပဲရစ်မြို့က ထွက်သွားဖို့ စိတ်ပြင်းပြနေခဲ့တဲ့ ဂါဘရီယယ်ဟာ
တစ်ယောက်သောသူကြောင့် စိတ်ပြောင်းပြီး ပဲရစ်မြို့မှာ
ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂါဘရီယယ်ရဲ့ ရည်းစားဖြစ်သူ
ကာမီလ်ဟာလည်း နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုရှိနေမှန်း
သိနေတာကြောင့် ရည်းစားဖြစ်သူနဲ့ အတူရှိရတာကိုတောင် မပျော်နိုင်ရှာပါဘူး။
ဆိုတော့ အမ်မလီတစ်ယောက် သူငယ်ချင်းဖြစ်သူကို အားနာပြီး
ရှေ့တိုးမရနောက်ဆုတ်မရဖြစ်နေတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲက
ကြိုးစားပမ်းစား ရုန်းထွက်ဖို့ ပြင်ဆင်ရင်း ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ
CM ပရိသတ်ကြီးတို့
ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။