Movie Name
GO Into Your Heart (တွယ်ငြိနှောင်ကြိုး) (2021)
Year
2021
Generes
Comedy, Drama, Romance
Code
SC0431
Type
Series
Size
13.7 GB
Country
China
Description
1-41 complete 𝐑𝐎 တာလေးမှ ကြိုက်တဲ့သူတွေတွက် ဇာတ်ကားအညွှန်း 👇👇👇 စစ်တုရင်ပါရမီစွမ်းရည်နဲ့မွေးဖွားလာတဲ့ ရှန့်ကျင်ချူးဟာ စစ်တုရင်ပြိုင်ပွဲတစ်ပွဲနဲ့တင် အရမ်းနာမည်ကျော်သွားပြီး မြင်းနက်တစ်ကောင်လို့ တင်စားရလောက်တဲ့အထိ စစ်တုရင်လောကကြီးကိုလှုပ်ခတ်သွားစေသူပါ။ သတင်းစာရှင်းလင်းပွဲတွေ တွေ့ဆုံပွဲ မနှစ်မြို့တဲ့သူဟာ သတင်းမီဒီယာသမားတွေအတွက် ပစ်မှတ်ဖြစ်လာပါတယ်။ ချန်လျောင်ဆိုတဲ့မိန်းကလေးက အလုပ်သင်သတင်းထောက်မလေးဖြစ်ပေမယ့် အစားအသောက်ချက်ပြုတ်ရတာကိုပိုနှစ်သက်သူပါ။ ချန်လျောင်တစ်ယောက် မီဒီယာတွေကြားမှာအခက်တွေ့နေတဲ့ရှန့်ကျင်ချူးကို ကူညီပေးမိရင်း ရှန့်ကျင်ချူးရဲ့ချစ်သူအဖြစ်အထင်လွဲခံရတဲ့အခါ........ ကိုယ်ဝါသနာပါရာ ကိုယ့်မျှော်လင့်ချက်ကို အကြောင်းအမျိုးမျိုးကြောင့် ရိုက်ချိုးခံလိုက်ရတဲ့ရှန့်ကျင်ချူးတစ်ယောက် သူ့ဘဝအခြေအနေ အောက်ခြေထိရောက်နေချိန် ချန်လျောင်လေးက သူ့ရဲ့ဘေးမှာ မခွဲမခွာ အားပေးကူညီပေးခဲ့ပါတယ်။ ချန်လျောင်တစ်ယောက် ရှန့်ကျင်ချူးကို နှစ်သိမ့်ပေးရင်း တဖြည်းဖြည်းခံစားချက်တွေ တိုးလာတဲ့အခါ....... သူမရဲ့အိမ်မက်အကောင်အထည်ဖော်ဖို့ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ.... စစ်တုရင်ဆိုတဲ့ အဖြူ အမဲ ကလွဲရင် ဘယ်အရာကိုမှမမြင်နိုင်တဲ့ ရှန့်ကျင်ချူးကရော သူ့အပေါ်ထားရှိတဲ့ ချန်လျောင်ရဲ့ခံစားချက်တွေကိုမြင်နိုင်ပါ့မလား?.. သူချစ်တဲ့စစ်တုရင်ပြန်ကစားနိုင်ဖို့ရော ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဘယ်လိုတောင့်ခံပြီး ပြန်တိုက်ခိုက်မလဲ..... တွယ်ငြိနှောင်ကြိုးဇာတ်လမ်းတွဲလေးမှာ ကြည့်ရှုအားပေးလိုက်ရအောင်လား.....