-
Movie Name
-
Falling Into You (အိပ်မက်တွေဖြည့်ဆည်းပေးသူ) (2021)
-
Year
-
2021
-
Generes
-
Comedy, Romance
-
Code
-
SC0434
-
Type
-
Series
-
Size
-
6.74 GB
-
Country
-
China
-
Description
-
1-13 complete
Falling into you (2020)
အိပ်မက်တွေဖြည့်ဆည်းပေးသူ
"ကိုယ်မင်းကို အဆုံးထိထောက်ပံ့ပေးမယ် မင်းရခဲ့တဲ့ဒဏ်ရာတွေကို မြတ်နိုးရမယ် ဒါတွေကအရမ်းကိုတန်ဖိုးရှိတဲ့အတွေ့အကြုံပဲ"
"ရှင်ကကျွန်မကိုထောက်ပံ့ပေးတယ် ကျွန်မကိုကူညီတယ်
ဘာလို့ကျွန်မအပေါ်မှာ အဲဒီလောက်တောင်ကောင်းရတာလဲ"
"ဘာလို့လဲဆိုတော့ ကိုယ်မင်းကိုချစ်လို့ပေါ့"
Hello....
ဒီတစ်ခါ Soul Kingdomကနေ တင်ဆက်ပေးသွားမဲ့
ဇာတ်ကားလေးကတော့ တိုက်ကွမ်ဒိုကစားသမားလေးနဲ့
CEOရဲ့ အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးပုံဖော်ထားတဲ့
[အိပ်မက်တွေဖြည့်ဆည်းပေးသူ]ဆိုတဲ့ ထိုင်ဝမ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်....
"ဇာတ်လမ်းအညွှန်း"
ချန်ကျီထုန်က ငယ်စဉ်ကလေးဘဝကတည်းကနေ အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်ဖို့ အရည်အချင်းရှိတဲ့ တိုက်ကွမ်ဒိုကစားသမားတစ်ဦးဖြစ်တယ် နောက်တော့ အကြံအစည်ရှိတဲ့သူ့ရဲ့သူငယ်ချင်းနဲ့ သစ္စာမဲ့တဲ့ချစ်သူကြောင့် ဒူးမှာဒဏ်ရာရခဲ့ပြီး သူ့ရဲ့အိပ်မက်တွေကို လက်လျော့ခဲ့လိုက်ရတယ်
ဒဏ်ရာကနေပြန်လည်သက်သာလာတဲ့နောက်မှာတော့ သူက ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ စိတ်အားထက်သန်နေတုန်းပါပဲ
ဒီလိုနဲ့သူက မမျှော်လင့်ဘဲ ဖန်းကျိရှန့်ရဲ့ ကုမ္ပဏီမှာ
အလုပ်လုပ်ဖို့အကြောင်းပါလာခဲ့တယ်
CEOဖန်းကျိရှန့်ကိုတွေ့တဲ့ မိန်းကလေးတိုင်းက သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့စတိုင်လ်ကို သဘောကျပြီး ကြိုက်နှစ်သက်ကြတယ်
ဒါပေမဲ့ ချန်ကျီထုန်ရဲ့ အမြဲတမ်းလူတွေနဲ့ခပ်ခွာခွာနေတက်တဲ့အကျင့်ကြောင့် ဖန်းကျိရှန့်ရဲ့ ဆွဲဆောင်မှုတွေက ချန်ကျီထုန်ပေါ်မှာတော့ မလွှမ်းမိုးနိုင်ခဲ့ဘူး
တဖြည်းဖြည်းနဲ့ ဖန်းကျိရှန့်က ချန်ကျီထုန်ရဲ့မျက်နှာပေါ်မှာရှိတဲ့ အေးစက်နေတဲ့မျက်လုံးတွေကို စူးစမ်းချင်စိတ်တွေ
ဖြစ်ပေါ်လာခဲ့တယ်
ဖန်းကျိရှန့်က ချန်ကျီထုန်ရဲ့ဒဏ်ရာ ပြန်လည်သက်သာပြီး
သူ့ရဲ့အိပ်မက်တွေပြန်စနိုင်အောင် ကူညီပေးတယ်
သူ့ရဲ့ကြောက်စိတ်တွေကို ရင်ဆိုင်နိုင်အောင်လည်း ကူညီပေးခဲ့တယ်
ဒီလိုနဲ့ သူတို့နှစ်ယောက်က ဘယ်လိုနှောင်ကြိုးတွေတွယ်မိပြီး ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေဖြစ်လာမလဲ ချန်ကျီထုန်ရဲ့ အေးစက်နေတဲ့မျက်လုံးတွေကရော ဖန်းကျိရှန့်အပေါ်အရည်ပေါ်သွားမလားဆိုတာကို [အိပ်မက်တွေဖြည့်ဆည်းပေးသူ]ဆိုတဲ့ ထိုင်ဝမ်ဇာတ်လမ်းတွဲလေးထဲမှာ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်
ဖန်းကျိရှန်းအဖြစ်-Wang Dongcheng
ချန်ကျီထုန်အဖြစ်-Guo Xuefu တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းတွဲလေးကို ကနေ မကြာမီ တင်ဆက်ပြသသွားတော့မှာဖြစ်လို့ အားလုံးပဲ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်..