-
Movie Name
-
Landscapers (2021)
-
Year
-
2021
-
Generes
-
Comedy, Crime
-
Code
-
SE0171
-
Type
-
Series
-
Size
-
1.78 GB
-
Country
-
Hollywood
-
Description
-
(1-4 COMPELE)
ဖြစ်ရပ်မှန် မှုခင်း ဟာသ မီနီစီးရီးလေး တစ်ခုလောက်ကြည့်ရအောင်။
ဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ ခရစ္စတိုဖာနဲ့ ဆူဆန် အက်ဒ်ဝပ်ဆိုတဲ့ ဇာတ်ကောင်နှစ်ကောင်ဟာ အပြင်မှာ တကယ်ရှိပါတယ်။
သူတို့ကို တရားရုံးက လူသတ်မှုအတွက် အနိမ့်ဆုံး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့တာပါ။
ဒါပေမဲ့ သူတို့က ဒီနေ့အထိ အပြစ်မရှိကြောင်း ထွက်ဆိုနေတုန်းပါပဲ။
ဒီစီးရီးထဲမှာတော့ ဒီလင်မယားက အတော်ကို ချစ်ကြတာကိုပြပါတယ်။
ပြင်သစ်မှာ အလုပ်မရှိ ငတ်ပြတ်ခါနီးအခြေအနေရောက်နေတဲ့အထိ တစ်ယောက်ကို တစ်ယောက်အားပေးရင်း ကြိုးစားနေကြတုန်းပါပဲ။
ဒါပေမဲ့ ယောကျာ်းဖြစ်တဲ့သူက သူ့ရဲ့မိထွေးကို လှမ်းပြီး ငွေချေးလိုက်မိပါတယ်။
ငွေချေးရင်းနဲ့ ပြင်သစ်ကိုရောက်နေတဲ့အကြောင်းရယ် စကားမစပ်ဆိုပြီး သူ့ယောက္ခနှစ်ယောက်အလောင်းကို အရင်အိမ်နောက်ဖေးမှာ မြှပ်ထားခဲ့တာ ၁၅ နှစ်ရှိပြီဆိုတာလေးပါ ပြောချလိုက်ပါရော။
ဒီတော့မှ မိထွေးကြီးလည်း အပြေးအလွှားနဲ့ ရဲတိုင်၊ ရဲတွေက သွားစစ်တော့ တကယ်အလောင်းတွေတွေ့ပါလေရော။
ခက်တာက ပြင်သစ်က လူနှစ်ယောက်ကို ဥရောပဖမ်းဝရမ်းထုတ်ဖို့ဆိုရင် သူတို့လူသတ်ကြောင်း အချိန်နေရာသက်သေအတိအကျလိုနေပါတယ်။
ဒီတော့ ဝရမ်းလည်းထုတ်မရသေးတော့ စုံထောက်ကြီးခမျာ သူတို့လင်မယားကို အီးမေးလ်လေးပို့ပြီးတွေ့ခွင့်တောင်းရတာပေါ့။
သူတို့လင်မယားကလည်း အေးအေးဆေးဆေးပါပဲ။ လာတွေ့မယ်လေ ဒီကိစ္စကို ရှင်းပြပါ့မယ်ဆိုပြီး ထွက်လာတာပေါ့။
အဲဒီတော့ သူတို့လင်မယားနဲ့ သူတို့ယောက္ခမတွေနဲ့ ဘာဖြစ်ခဲ့တာလဲ၊ ရဲတွေနဲ့ ဘာတွေဆက်ပြောကြမလဲ၊
တရားရုံးမှာ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။
မင်းသားကတော့ ဟယ်ရီပေါ်တာရုပ်ရှင်ထဲမှာ ရေးမတ် လူပင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ David Thewlis ဖြစ်ပြီး
မင်းသမီးကတော့ The Favourite ရုပ်ရှင်နဲ့ အော်စကာဆုရခဲ့တဲ့ အိုလီဗီယာ ကော်မန်ပဲ ဖြစ်ပါတယ်။
တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ လေးပိုင်းထွက်ရှိမှာ ဖြစ်ပါတယ်