-
Movie Name
-
A Little Red Flower
-
Year
-
2020
-
Generes
-
Drama, Family
-
Code
-
CN0209
-
Type
-
Movie
-
Size
-
1.19 GB
-
Country
-
China
-
Description
-
ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနဲ့ ဝေဒနာရှင်တွေရဲ့
မိသားစုတွေကြုံတွေ့ရတဲ့ ဘဝကို
ပုံဖော်ရိုက်ကူးထားတဲ့ကားကောင်းလေးကို
ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဇာတ်လမ်းအကျဉ်းကတော့ ဝေယိဟန်ဆိုတဲ့
ဦးနှောက်ကင်ဆာအဆင့် ၂ ခံစားနေရသူက
အကျိတ်ခွဲထုတ်ပြီးပေမယ့်လည်း ဘဝကြီးကို
မျှော်လင့်ချက်မဲ့ကာ အရှုးပေးဖို့ကြိုးစားနေသူပေါ့…
အသက်နဲ့ မလိုက်အောင် အပေါင်းသင်းမိတ်ဆွေလည်း
မထား မိတ်ဖွဲ့ဖို့လည်းမကြိုးစားဘဲ
ဖုန်းတစ်လုံးပဲ အဖော်ပြုနေသူတစ်ယောက်ပေါ့
ဒါပေမယ့် မိသားစုရဲ့တွန်းအားနဲ့ ဆရာဝန်ရဲ့
အကြံပေးချက်ရယ် နောက်ပြီး
ကင်ဆာဝေဒနာရှင်စုစည်းရာဂရုကို
တည်ထောင်ထားတဲ့ဝူရှောင်မိန်ရဲ့ အကူအညီနဲ့
ဝေယိဟန်တစ်ယောက် မာရှောင်ယွမ်နဲ့
အမှတ်မထင်ဆုံခဲ့ရာကနေ သူ့ဘဝမှာ
မကြုံဖူးတဲ့ အတွေ့အကြုံတွေ မခံစားဖူးတဲ့
ခံစားချက်တွေ နောက်ပြီး
မမျှော်လင့်ရဲတဲ့ အနာဂတ်ဘဝတွေ ကို
စိတ်ကူးပုံဖော်တတ်လာခဲ့တယ်…
ဝေယိဟန်နဲ့မာရှောင်ယွမ်တို့
ဘာတွေကြုံတွေ့ရမယ်ဆိုတာရယ်…
ကင်ဆာဝေဒနာရှင်နဲ့ သူတို့မိသားစုတွေ
ဘယ်လိုခက်ခဲပြီး ဘယ်လို
ဒုက္ခတွေရင်ဆိုင်ရတယ်ဆိုတာရယ်နောက်ပြီး
ဘယ်လိုဖေးမပေးသင့်တယ်ဆိုတာ
အတွေးလေးတစ်စရမှာပါ…
ဒီကားလေးက အဓိကပေးချင်တာကတော့
မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကာ
အသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းတစ်ခု ဆိုတာပါပဲ