Movie Name
Govinda Govinda (2021)
Year
2021
Generes
Comedy
Code
IND0249
Type
Movie
Size
1.64 GB
Country
Bollywood
Description
Govinda Govinda (2021) Comedy IMDb 8.6/10 ၂၀၂၁ ခုနှစ်ရဲ့ တောင်ပိုင်းကားကောင်းလေးတွေထဲမှာ ဇာတ်လမ်းဇာတ်ကွက်တစ်မူကွဲပြားထွက်လာတဲ့ ကားလေးပေါ့ဗျာ။ ဇာတ်လမ်းအသေးစိတ် မတူပေမဲ့ ကြောရိုးထပ်နေတဲ့ ကန်နားဒါးပရိတ်သတ်တွေအတွက် ဇာတ်ကွက်အသစ်လေးနဲ့ကြည့်ရတဲ့ကားလေးဆိုရင်လည်း ဒီကားလေးပဲရှိလိမ့်မယ်ဗျ။ ဇာတ်လမ်းဇာတ်ကွက် တစ်မူကွဲထွက်ပေမဲ့လို့ တောင်းပိုင်းအကြိုက်သရုပ်ဆောင်တွေနဲ့ လစ်ဟာမှုမရှိတဲ့ ဇာတ်လှည့်ဇာတ်ပြောင်း၊ ဇာတ်ရှိန် ဇာတ်တက်ကို သရုပ်ဆောင်ကောင်းကောင်းနဲ့ကို ရှယ်သရုပ်ဆောင်ထားမှန်း Rating ကိုကြည့်တာနဲ့ သိမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် အိမ်ကအဆင်မပြေလို့ ဆင်းလာရတဲ့ကောင်တွေ သူငယ်ချင်းမလေးကို ပြန်ပေးဆွဲပြီး ငွေညှစ်ရာကနေ စတယ်ပဲဆိုရမှာပေါ့ဗျာ။ ဒါပေမဲ့ သူတို့ပြန်ပေးဆွဲတာ ပြီးသွားတာတောင် သူတို့သူငယ်ချင်းမလေး ထပ်ပျောက်သွားတဲ့အခါ၊ ဘယ်နေရာကနေဘယ်လို ဘာဖြစ်သွားမှန်း ဘယ်ရောက်နေမှန်းမသိရတဲ့သူငယ်ချင်းမလေးကို ပြန်ရှာဖို့ကြိုးစားရင်း အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါးရယ်ရဦးမယ့် ဇာတ်ကားကောင်းလေးကို ခံစားရဦးမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ၂၀၂၁ ရဲ့လက်လွတ်မခံသင့်တဲ့ တောင်ပိုင်းကားလေး Govinda Govinda လေးကိုလည်း အားပေးလှည့်ပါဦးခင်ဗျာ။