-
Movie Name
-
Happy New You (2019)
-
Year
-
2019
-
Generes
-
Comedy
-
Code
-
TH0040
-
Type
-
Movie
-
Size
-
925 MB
-
Country
-
Thai
-
Description
-
ထိုင်းဟာသဇာတ်ကားဟောင်း ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
နန်နဲ့ ချာဘာဆိုတဲ့ မောင်နှမနှစ်ယောက်က မောင်နှမ၂ယောက်တည်း
ဘဝရပ်တည်နိုင်ဖို့ ကြိုးစားငွေရှာနေကြသူတွေပေါ့
တစ်နေ့မှာတော့ နန်ရဲ့ရည်းစားက အဲယားကွန်းပြင်စားတဲ့
နန်ရဲ့ဝင်ငွေလောက်နဲ့ မတင်းတိမ်နိုင်လို့ နောက်တစ်ယောက်ဆီ ကောက်ကောက်ပါသွားတဲ့နောက်
စော်ပစ်ကောင်လေး နန်တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့တူတူ
ဘဝကို ဖြစ်ကတတ်ဆန်း စတင်နေထိုင်ပါတော့တယ်
သူနေတဲ့ပုံစံကတော့ ကိုကြီးကျော်အရှုံးပေးရပြီး ကြွက်တွင်းပါ လျှံလောက်အောင်ကို အရက်သောက်တာပါ၊
အရက်သောက်ရုံတင်မကဘဲ အလကားကျွေးသမျှနေရာ အကုန်ပတ်စားပါတော့တယ်၊
အိမ်တက်လည်းမချန် မင်္ဂလာဆောင်လည်း မလွတ်၊ အသုဘအိမ်လည်း နန်နဲ့မလွတ်ပါဘူး၊
ဒီလို ယမကာလုလင် အစ်ကိုနဲ့ရောင်းရင်းတွေကိုလိုက်ထိန်းရတဲ့
ညီမချာဘာမှာလည်း သွက်ချာပါဒကိုလိုက်နေတော့တာပါပဲ
တစ်ရက်မှာတော့ ညီမဖြစ်သူ ချာဘာရဲ့ရည်းစား၊ ဘန်ကောက်ကိုတက်ပြီး
အလုပ်လုပ်နေတဲ့ တီ ဆီ New Yearညအမီ ချာဘာနဲ့ အစ်ကိုတသိုက်
ဘန်ကောက်ကို လိုက်သွားပါတော့တယ်၊
တောမှာတောင် ထိန်းမနိုင်သိမ်းမရတဲ့ နန်တို့အုပ်စု
ဘန်ကောက်မှာရော ဘယ်လိုဗရုတ်တွေကျဦးမလဲ၊
ချာဘာတို့ သမီးရည်းစား၂ယောက် ဘယ်လိုလိုက်ရှင်းရမလဲဆိုတာကို
ထိုင်းဟာသကားတွေရဲ့ထုံးစံအတိုင်း ဇာတ်ကားအစအဆုံး
ဗရုတ်သုတ်ခ ပြဿနာပေါင်းစုံ၊ အလွဲအချော်ပေါင်းစုံ၊ ပေါက်ကရဟာသမျိုးစုံနဲ့အတူ
တစ်ကားလုံးပျင်းချိန်မရဘဲ ရယ်မောပျော်ရွှင်ရင်း ကြည့်ရှုရမှာမလို့
နှစ်သစ်ကူးညလေးမှာ နှစ်သစ်ကူးအမှတ်တရ ဟာသကားလေးနဲ့အတူ
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်