-
Movie Name
-
Snow Lover (နှင်းမှုန်လေးများပြောတဲ့ချစ်စကား) (2021)
-
Year
-
2021
-
Generes
-
Romance
-
Code
-
SC0439
-
Type
-
Series
-
Size
-
7.52 GB
-
Country
-
China
-
Description
-
1-24 COMPLETE
ဇာတ်လမ်းအညွှန်း 👇👇👇
မင်းသမီးလေးကိုအားလုံးသိတယ်နော် ကညာပျိုရဲ့ချစ်ပုံပြင်ကားထဲကမင်းသမီးလေး(Xiaonuo)ပါ
တစ်ယောက်အတွက်တစ်ယောက်က အချစ်ဦးတွေဖြစ်ခဲ့ကြပေမဲ့ အထင်လွဲမှားမှုတွေကြောင့် လမ်းခွဲပြတ်စဲခဲ့ကြတဲ့ "ဟယ်ဖုန်း" နဲ့ "ဝမ်ရှောင်အန်း" 💔
အရည်အချင်းရှိပြီး ထက်မြက်တဲ့ နည်းပညာရှင်တစ်ယောက်ဖြစ်တဲ့ "ဟယ်ဖုန်း" ဟာ ငယ်ရွယ်ပေမဲ့ လုပ်နိုင်စွမ်းရှိကြောင်း သူ့ကိုယ်သူသက်သေပြဖို့အတွက် နှင်းလျှောစီးတာနဲ့ပတ်သက်တဲ့ ဂိမ်းကစားနည်းတစ်ခုကို ဖန်တီးဖို့ဆုံးဖြတ်ချက်ချပြီးနောက် သူ့ဂိမ်းအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ဇာတ်လမ်းရေးပေးဖို့ နှင်းလျှောစီးတဲ့နေရာမှာ ဆရာကျတဲ့လူတစ်ယောက်ကို ချက်ချင်းလိုအပ်လာပါတယ်။
"ရှောင်အန်း" ဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပြီး နှင်းလျှောစီးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်နေတာကို "ဟယ်ဖုန်း"သိရှိသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အတိတ်ကပဋိပက္ခတွေကိုဘေးဖယ်ပြီး သူ(မ)ကို သူ့အတွက်အလုပ်လုပ်ပေးဖို့ ချဉ်းကပ်ပါတော့တယ်။ ဒီအလုပ်ဟာ သူ(မ)ရဲ့အိပ်မက်ကိုတက်လှမ်းနိုင်ဖို့ ကူညီနိုင်မယ်လို့မျှော်လင့်တာကြောင့် ရွေးချယ်စရာမရှိဘဲ သူ(မ)ချစ်သူဟောင်းရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါတော့တယ်။
နှစ်တွေကြာပြီးမှ နှင်းလျှောစီးတာကိုအကြောင်းပြုပြီး မမျှော်လင့်ဘဲ အချစ်ဇာတ်လမ်းလေးကို ပြန်လည်ရေးသားဖို့အကြောင်းဖန်လာတဲ့ သူတို့နှစ်ယောက်အတွက် နှင်းမှုန်လေးတွေက ချစ်စကားတွေ ဘယ်လိုဝိုင်းပြောပေးမလဲဆိုတာ ကြားချင်ရင်တော့ ၂၄ ပိုင်းပါရှိပြီး Soul Kingdomကနေ အားလုံးအဆင်ပြေအောင် Telegram/Mega/Fb linkများနဲ့ တင်ဆက်ပေးတော့မဲ့ "နှင်းမှုန်လေးများပြောတဲ့ချစ်စကား" ဆိုတဲ့ Romance/ Sports ဇာတ်လမ်းလေးထဲမှာ အတူတူကြည့်ရှုလိုက်ရအောင်လားရှင်