-
Movie Name
-
420 Ipc (2021)
-
Year
-
2021
-
Generes
-
Crime
-
Code
-
IND0252
-
Type
-
Movie
-
Size
-
286 MB
-
Country
-
Bollywood
-
Description
-
420 IPC
၂၀၂၁ ခုနှစ်ရဲ့ တောင်ပိုင်းမှုခင်းစုံထောက်ရုပ်ရှင်ဇာတ်ကားကြည့်ချင်တယ်ဆိုရင်တော့
ဒီကားလေးကလည်း ကြည့်ရမယ့်စာရင်းထဲမှာ ပါတဲ့ကာကောင်းလေးတစ်ကားပဲဗျာ။
ဆိုဒ်ပြည့်ဂိုဒ်ပြည့်မင်းသားချောတွေရဲ့ ချခန်းဖိုက်ခန်းတွေချည်း ကြည့်ရတာငြီးလာတဲ့အခါ
ဦးနှောက်ကိုအလုပ်လုပ်ခိုင်းရမယ့်မှုခင်းဇာတ်ကားကောင်းလေးပေါ့ဗျာ။ ဇာတ်လမ်းလေးက
ဘယ်လောက်တောင် ရိုးရိုးရှင်းရှင်းလေးနဲ့ ရှုပ်ထွေးလဲဆိုရင် ဘာသီချင်းမှကိုမပါတဲ့အထိပဲဗျာ။
သိတယ်မလား အိန္ဒိယကားတွေ သီချင်းတစ်ပုဒ်မှမပါတာ တကယ်မဟာအံ့ဖွယ်ဖြစ်ရပ်ကြီးဗျ။
တောင်ပိုင်းကားက မပါတာဆိုတော့ ပိုတောင်ထူးဆန်းနေတာပေါ့ဗျာ။
ပါဝင်တဲ့သရုပ်ဆောင်တွေက နာမည်ကြီးတွေပဲဆိုတော့ ဇာတ်ကားဘယ်လောက်ကောင်းလဲဆိုတာ
ညွှန်းနေဖို့တောင် သိပ်လိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကစ်ဝမ်နီဆိုတဲ့
အသက် ၄၀ ကျော်အရွယ် စာရင်းကိုင်ကြီးတစ်ယောက် အကြွေးပေါင်းစုံ လည်မျိုမှ
ာတစ်နေတာကနေစတယ်ပေါ့ဗျာ။ အိမ်ကို အရစ်ကျနဲ့ဝယ်ထားတာ မဆပ်နိုင်တာတွေ၊
ကျောင်းစရိတ် စားစရိတ် ဗာဟိရစားရိတ်တွေ ပိုပို ပိပိလာတဲ့အခါ ပိုပြီး
မျက်ကလူးဆန်ပြာဖြစ်နေတဲ့အချိန် သူအလုပ်လုပ်တဲ့ကုမ္ပဏီကသူဋ္ဌေးရဲ့
ငွေ ၁၅ သန်းဟာ ချက်လတ်မှတ်ကနေ ခိုးခံရခါနီးဖြစ်သွားတဲ့အခါ
ကစ်ဝမ်နီကို တရားရုံးမှာ အမှုရင်ဆိုင်ခိုင်းပါတော့တယ်။
ဒီတော့ ကစ်ဝမ်နီဟာ အကြွေးတွေကိုဆပ်နိုင်ဖို့ ၁၅ သိန်းကနေ ခိုးပြီး
အမှုကနေလွတ်အောင်ရှောင်သွားနိုင်မှာလား၊ တကယ်မခိုးခဲ့ဘဲ
စွပ်စွဲခံရတာလား၊ တကယ်ခိုးခဲ့တာကနေ သက်သေခိုင်လုံပြီး
ထောင်လုံးလုံးကျသွားမှာလား အဓိကဇာတ်ဆောင် ရှေ့နေ့လေးဘာဘဲ
ဘယ်လိုကြမ်းမှာလဲလည်း ကြည့်ရမယ့်ကားကောင်းလေးတစ်ကားဖြစ်တာမို့ စီးမြောခံစားပေးကြပါဦးခင်ဗျာ။