Movie Name
Tokyo Revengers (2021)
Year
2021
Generes
Action, Sci-Fi
Code
JP0040
Type
Movie
Size
875 MB
Country
Japan
Description
IMDb – 7.8/10 Mangaအ​နေနဲ့ volume 8ခုထွက်ရှိထားပြီး Anime အ​နေနဲ့ season 1 completeဖြစ်ထားသလို ဂျပန်မှာ​ရော International မှာပါ ​အောင်မြင်မှုအကြီးအကျယ်ရရှိထားတဲ့ mangaတစ်ခုပဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ဒီManga​ကိုရေးဆွဲသူ Ken Wakui ဟာ 2000ပြည့်နှစ်​တွေမှာ အမှန်တကယ် Gang memberဖြစ်ခဲ့ဖူးသလို Mangaထဲက ဇာတ်​ကောင်​တွေဟာလည်း 1960 ပြည့်နှစ်များထဲက Japanရဲ့ အထင်ကရ ရှိတဲ့ လူငယ်​မော်​တော်ဆိုင်ကယ်ဂိုဏ်းဖြစ်တဲ့ Black Emperor Gangကို reference​​ရေးဆွဲထားလို့ ဇာတ်​ကောင်​တွေရဲ့ ဆိုးမိုက်မှု၊ ရမ်းကားမှု၊ ​ဂိုဏ်းစတားပီသမှု​တွေဟာ အပြင်ကတကယ့်ဂိုဏ်းစတား​တွေနဲ့ အ​တော်နီးစပ်မှုရှိတယ်လို့ ရည်ညွှန်းကြတဲ့ Mangaနဲ့ Anime​ကောင်းတစ်ခုပါ အရှိန်အဝါကြီးသလို ​တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​အောင်မြင်မှု အကြီးအကျယ်ရရှိထားတဲ့ Tokyo Revengersကို Live Action Adaptationအ​နေနဲ့ ပြန်လည်အသက်သွင်းမယ်ဆိုကတည်းက ​မျှော်လင့်ချက်ကြီး​တွေ ထားခဲ့သူ​တွေလည်း ရှိသလို သံသယမျက်လုံး​တွေနဲ့လည်း ​​စောင့်ကြည့်ခံခဲ့ရပါတယ်၊ တစ်​ခေတ်တစ်ခါက အထူး​အောင်မြင်​ကျော်ကြားခဲ့တဲ့ Manga​တွေanime​တွေကို Live Action နဲ့ အသက်သွင်းရာမှာ cast, director, script အစပ်အဟပ်တည့်ပြီး ​အောင်မြင်မှုများစွာ ရရှိသွားတဲ့ကား​တွေရှိသလို ကဏ္ဍတစ်ခုခုမှာ အတိမ်းအ​စောင်းဖြစ်ရုံနဲ့ အကြီးအကျယ်အရှုံး​ပေါ်ပြီး နာမည်ပျက်တဲ့အဆင့်ထိ​ရောက်သွားတဲ့ Live Action​တွေက ဒုနဲ့ ​ဒေးမလို့ Tokyo Revengers လို Hit manga/animeအတွက် Live actionကို မျက်ခုံးလှုပ်ခဲ့သူ ခပ်များများပါ ဒါ​ပေမဲ့ ထွက်ရှိလာတဲ့အချိန်မှာ​တော့ IMDb 7.8အထိ ရရှိခဲ့သလို Worldwideပြသရာမှာလည်း ​အောင်မြင်မှု အတိုင်းအတာတစ်ခုထိ ရှိခဲ့ပါတယ်၊ Genreအ​နေနဲ့က​တော့ Action , Supernatural, Drama , School , Shounen ပါ ဒီ Tokyo Revengers Live Action ဟာ ​မျှော်လင့်ထားတဲ့ အတိုင်းအတာထက် ​ကျော်လွန်​အောင်​ စွမ်း​ဆောင်နိုင်ခဲ့တာ​​​တော့ ငြင်းမရတဲ့အချက်ပါပဲ၊ ဒါရိုက်တာ Hanabusa Tsutomu နဲ့ Screenwriter Takahashi Izumiတို့ဟာ Mangaနဲ့ Animeရဲ့ အရသာမပျက်​အောင် ပါဝင်တဲ့ဇာတ်ဝင်ခန်း​တွေကို အနီးစပ်ဆုံး ရိုက်ကူးခဲ့တာ​ကြောင့် ရာနှုန်းပြည့်စိတ်​ကျေနပ်မှု မ​ပေးနိုင်ရင်​တောင် အတိုင်းအတာတစ်ခုထိ​တော့ Mangaနဲ့ Anime fan​တွေကို ​ကျေနပ်​စေခဲ့ပါတယ်၊ ဒါ့အပြင် သုံးထားတဲ့Cast​တွေကို ကြည့်မယ်ဆိုရင် You Are the Apple of My Eye(Japanese) နဲ့ Kaizoku Sentai Gokaiger( 2011)တို့ရဲ့ မင်းသား Yuki Yamada Let Me Eat Your Pancreas (2017)နဲ့ Night Doctor(2021)မှာ ပါဝင်ထားတဲ့ မင်းသား Takumi Kitamuraနဲ့ Gintama live action​တွေထဲက Okita Sougoအဖြစ် castခဲ့သူ Ryo Yoshizawaလို Live Actionသားပြည့်ဝတဲ့နာမည်​ကျော်​တွေ ​ပါဝင်တာနဲ့အညီ သရုပ်​ဆောင်ချက်​တွေက​ အပိုအလိုမရှိ ​ကောင်းမွန်သလို Mangaရဲ့ ဇာတ်​ကောင်စရိုက်​တွေကိုလည်း အပြည့်အဝပုံ​ဖော်​ပြနိုင်ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းကို​ပြောရရင် Takemichi Hanagakiဟာ ရှုံးနိမ့်မှု​တွေများစွာနဲ့ ဘဝကိုရင်ဆိုင်ဖြတ်သန်း​နေရသလို ဘဝရဲ့လက်စွဲ​ဆောင်ပုဒ်ဟာလည်း “​တောင်းပန်ပါတယ်” လို့ဆိုရတဲ့အထိ လူတကာကို ​​​အောက်ကျို့၊ ပြဿနာ​ပေါင်းစုံကို ဖြတ်သန်း​နေရသူပါ၊ ဘာဆိုဘာမှ အဆင်မ​ပြေခဲ့တဲ့သူ့ဘဝမှာ ရှားရှားပါးပါး ချစ်သူ​လေးတစ်​​​ယောက်​တော့ ရှိခဲ့ဖူးပါတယ်၊ သူမက Hinata Tachibanaပါ၊ ချစ်ခဲ့ဖူးသူ Hinataတစ်​ယောက်ဟာလည်း ​မောင်ဖြစ်သူ Naota Tachibanaနဲ့အတူ Tokyo Manjiဂိုဏ်းနဲ့ တခြား Yazukaဂိုဏ်း တစ်ခုရဲ့ပဋိပက္ခကြား ပဲ​လှော်ကြားဆားညပ်ရင်း ​သေဆုံးသွားပါတယ် ဘဝကလည်း အဆင်မ​ပြေ၊ ချစ်ဖူးသူကပါ ​လောကမှာမရှိ​တော့တဲ့ Takemichiအ​နေနဲ့ စိတ်ဓါတ်ကျစွာ ​မြေ​အောက်ရထားဘူတာမှာ သွားခို​နေရင်း ရုတ်တရက် ရထားဆိုက်ခါနီးကမှ ရထား​ပြေးလမ်း​ပေါ် တွန်းချခံလိုက်ရပါတယ်၊ ရထားတိုက်လုဆဲဖြစ်တဲ့အချိန်မှာပဲ ပ​ဟေဠိဆန်စွာ လွန်ခဲ့​သော၁၀နှစ် အထက်တန်း​ကျောင်းသား ဆိုး​ပေလူမိုက်လုပ်ခဲ့ဖူးတဲ့ အချိန်ကာလကို ပြန်​ရောက်သွားခဲ့ပါတယ်၊ သူ့ကိုယ်သူ time travel လုပ်ခဲ့မိမှန်း သိသွားတဲ့ Takemichiတစ်​ယောက် အထက်တန်း​ကျောင်းသားဇိုးဘဝနဲ့ ပစ္စုပ္ပန်အချိန်မှာ အင်အားကြီးဂိုဏ်းဖြစ်​နေတဲ့၊ သူ့အချစ်ဦး ကို ​သေဆုံး​စေခဲ့တဲ့ Tokyo Manji Gang​ခေါ် Tomen ဂိုဏ်းရဲ့ မူလအစက​နေ သွား​ရောက်ရင်ဆိုင်ရင်း ဂိုဏ်းဂဏအရှုပ်​တော်ပုံကြား ဘယ်လိုပါဝင်ပတ်သတ်မိသွားမလဲ၊ ချစ်ရတဲ့သူ Hinataကို​ရော သူ​​​​ရောက်ရှိ​နေတဲ့ အတိတ်ကာလက​နေ ကံကြမ္မာကို ဘယ်လိုဖန်တီး​ပြောင်းလဲရင်း ကယ်တင်ဖို့ ကြိုးစားမလဲဆိုတာကို ကြည့်ရှုရမှာပါ Anime fan​တွေအ​နေနဲ့ season1အဆုံးထိ ထွက်ရှိပြီးတာ​ကြောင့် ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို သိနိုင်​ပေမဲ့ အခုမှ ဒီLive Action ကို စကြည့်မယ့်ပရိတ်သတ်​တွေအတွက်လည်း Tokyo Revengers အ​ကြောင်းကို ပိုစိတ်ဝင်စားလာ​အောင် လုပ်နိုင်တဲ့ Live Action ဇာတ်ကားတစ်ခုလို့ ​ပြောရမှာပါ၊ ချခန်း နှက်ခန်း ဂန်းစတားခန်း​တွေ အ​တော်​လေးပီပြင်သလို ကြည့်လို့လည်း ​ကောင်းပါတယ်၊ ​ တကယ့်​​သွေးထွက်သံယို scene​တွေကိုလည်း မညှာတမ်းထည့်ထားသလို ဇာတ်ကားသ​ဘောအရ အ​ပြောအဆို​တွေလည်း ကြမ်းတာ​ကြောင့် က​လေးသူငယ်​တွေအ​နေနဲ့​တော့ ကြည့်ဖို့ မသင့်​တော်ပါဘူး Live Action​တွေ ထွက်သ​လောက် ထင်တိုင်းမ​ပေါက်၊ တိုးမ​ရောက် Fail မ​လောက် ဖြစ်​နေတဲ့ ဒီဘက်​ခေတ် Manga/ anime/ live action fan​တွေအ​နေနဲ့ ​ဒီ Tokyo Revengers LAဟာ ​ရေငတ်တုန်း​ရေငတ်​ပြေ​​စေမှာ​တော့ အ​သေအချာပဲဖြစ်ပါတယ်၊ ဒါ့အပြင် Anime ကို မသိဘဲ Actionကားကောင်း​ ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်တဲ့ ပရိတ်သတ်​တွေအတွက်လည်း standalone ကြည့်လို့ အဆင်​ပြေတဲ့ Actionဇာတ်ကြမ်းပဲဖြစ်ပါတယ်၊