-
Movie Name
-
Pulp Fiction [1994]
-
Year
-
1994
-
Generes
-
Crime, Drama
-
Code
-
EN0830
-
Type
-
Movie
-
Size
-
909 MB
-
Country
-
Hollywood
-
Description
-
Pulp Fiction(1994)
IMDb…8.9,,,,Rotten….94
အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီးရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်..
.အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ
ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်.
အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့
ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်..
တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ..
.ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး
ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်….ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့…ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်..
တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ချန်ထားတဲ့အဆဲစကားလုံအချို့ရှိပါတယ်..
.ဒီကားထဲကအဓိကသရုပ်ဆောင်တွေဖြစ်တဲ့ John Travolta, Uma Thurman, Samuel L. Jacksonနဲ့ Bruce Willis တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.
.ဒီကားက ဒေါ်လာ ၈သန်းခန့်မျှသာကုန်ကျခဲ့ပြီး ၂၁၃သန်းကျော် ဝင်ငွေ
ရရှိခဲ့ပါတယ်..အော်စကာဇာတ်ညွှန်းဆုလည်းရရှိခဲ့ပါတယ်…ဒီကားကိုအညွှန်းမရေးတတ်သလို ရေးလည်းမရေးချင်ပါဘူး.
.ဘာလို့ဆိုကြည့်ရှုသူရဲ့ ခံစားဖြန့်ကျက်နိုင်မှုစွမ်းအားများလေ ရသမြောက်လေဖြစ်တဲ့အတွက်ကြောင့်
ကျွန်တော့်ရဲ့ ခပ်ညံ့ညံ့အရေးအသားအောက်မှာ သေးနုတ်တဲ့ဘောင်ကျဉ်းတစ်ခုကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်တဲ့အတွက်ကြောင့်ပါ..
.ကိုင်းခံစားကြည့်လိုက်ပါဦးလို့…..