Movie Name
My Beautiful Man (2021)
Year
2021
Generes
Drama, Romance
Code
SJP0015
Type
Series
Size
1.10 GB
Country
Japan
Description
My Beautiful Man ♥️ မြန်မာစာတန်းထိုး(Ep1 to Ep6)စဆုံး (ဇာတ်လမ်းအကျဥ်း)Japan BL ♥️Hira Kazunari ဆိုတဲ့ကောင်လေးက စကားနည်းတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းမရှိ အတန်းထဲတွင်လည်း အဆင့်နောက်ဆုံးပိတ်နေရာကိုရထားတဲ့သူဖြစ်တယ်။ ♥️တစ်နေ့တော့ Kazunari ဟာ Kiyoi Sou ဆိုတဲ့ကောင်လေးကို မြင်မြင်ချင်း ချစ်မိသွားတယ်။ Kiyoi က ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ သွေးအေးရက်စက်တဲ့သူတစ်ယောက်ဖြစ်ပြီး အတန်းရဲ့ထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့ King တစ်ယောက်လည်းဖြစ်တယ်။ ♥️Kazunari က သူ့ရဲ့တည်ရှိမူကို Sou သတိထားမိဖို့ မျှော်လင့်ရင်း သစ္စာရှိရှိနဲ့ Sou ခိုင်းသမျှအကုန်လုပ်ပေးပြီး Sou စားဖို့ နေ့လယ်စာကိုပါ အပြေးဝယ်ပေးတတ်တယ်။ ဒါပေမယ့် Sou အပေါ် ဘုရင်လိုကိုးကွယ်နေတဲ့ Kazunari ရဲ့ယုံကြည်မူက အဖြူထည်မဟုတ်တော့ဘဲ တဖြည်းဖြည်း တပ်မက်မူတွေပါတဲ့ချစ်ခြင်းတွေဘက်ရောက်လာခဲ့သောအခါ .... ဒီဇာတ်လမ်းလေးက Yuu Nagira ရဲ့ဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ Hira Kazunari အဖြစ် မင်းသား Riku Hagiwara ကသရုပ်ဆောင်မှာဖြစ်ပြီး EXILE TRUBE အဖွဲ့ထဲက FANTASTICS ဆိုတဲ့နာမည်နဲ့ မင်းသား Yagi Yusei ကတော့ ဒီဇာတ်လမ်းလေးထဲမှာ Sou Kiyoi အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။