Movie Name
Silent Evidence (အသံတိတ်သက်သေ) (2021)
Year
2021
Generes
Thriller
Code
SC0442
Type
Series
Size
12.5 GB
Country
China
Description
1-30 complete ရယ်လဲရယ်ရစိတ်ဝင်စားဖို့​ကောင်းတဲ့ကား​​လေးပါဒီထဲမှာမင်းသမီးကား​မောင်းတဲ့styleကိုအရမ်းကြိုက်မိ Drama Synopsis (ဇာတ်လမ်းအကျဉ်းချုပ်) ချင်မင်ဆိုတဲ့ကောင်လေးတစ်ယောက် မွေးရာပါပင်ကိုယ်ပါရမီအပြင် ငယ်စဉ်ကလေးဘဝက မမျှော်လင့်တဲ့စိတ်ဒဏ်ရာတွေရဲ့လှုံ့ဆော်မှုကြောင့် သူမတူထူးကဲတဲ့ မှုခင်းဆေးဆရာဝန်တစ်ယောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ် 👉🏻 လက်ရှိမှာ မှုခင်းရဲဌာနတစ်ခုလုံးကိုတာဝန်ယူရတဲ့အရာရှိဖြစ်နေချိန်... လွန်ခဲ့တဲ့ ၁၅ နှစ်က ဖြစ်ပျက်ခဲ့ဖူးတဲ့လူသတ်မှုနဲ့ တစ်ပုံစံတည်းအလားတူ ထူးဆန်းတဲ့လူသတ်မှုအသစ်တစ်ခုကြောင့် ချင်မင်ရဲ့ဘဝကို အမြစ်ကနေဆွဲလှန်လိုက်သလိုဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာ မေးခွန်းတွေအများကြီး ပေါ်ထွက်လာစေတယ် 💢 ဒါဆို... လွန်ခဲ့တဲ့ ၁၅ နှစ်က "လူမှားဖမ်းခဲ့တာလား " ဒါမှမဟုတ် "အဲဒီလူသတ်သမားမှာ ကြံရာပါရှိသေးတာလား" ဒါမှမဟုတ် "ပုံစံတူအတုယူ လူသတ်မှုဖြစ်နိုင်မလား" 💢 🤔 ဒါတွေက ချင်မင်ရဲ့အတိတ်က စိတ်ဒဏ်ရာနဲ့ ဘယ်လောက်တောင်နက်ရှိုင်းစွာပတ်သက်နေမလဲ အိပ်မက်ဆိုးနဲ့ မှတ်ဉာဏ်အပိုင်းအစတွေက သူ့ဆီကိုဘယ်လိုဘယ်ပုံ တစ်ဖန်ပြန်ရောက်မလဲ ⁉️ လူသတ်သမားက လက်လှမ်းမမီတဲ့နေရာက ဉာဏ်ရည်ချင်းယှဉ်ပြိုင်ရတဲ့ဂိမ်းကို ကစားနေတာလား ဒါမှမဟုတ် လူရင်းထဲမမျှော်လင့်ထားတဲ့သူက နောက်ကျောကို ဓားနဲ့ထိုးနေတာလား နောက်ဆုံးမှာ ချင်မင်နဲ့သူ့အဖွဲသားတွေ ရင်ဆိုင်နေရတာ ဘယ်လိုဒုစရိုက်သမားမျိုး ဖြစ်နေလိမ့်မလဲ ဒါတွေကိုသိချင်ရင်တော့ Soul ကနေမကြာခင်မှာ ဘာသာပြန်တင်ဆက်မဲ့ "အသံတိတ်သက်သေ" ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို စောင့်မျှော်ကြည့်ရှုရမှာနော်... Casts အနေနဲ့ ထူးခြားချက်ကတော့ ယူတို့ရဲ့ဓားပြခေါင်းဆောင်ကြီး Yuan Hao ကလည်း ဆရာဝန်အဖြစ် ပါဝင်သရုပ်ဆောင်ထားသေးတယ်လို့... 😉